အင်ဒိုနီးရှား နိုင်ငံ ဂျကာတာမြို့ရှိ မြန်မာ သံရုံးကို အကြမ်းဖက်တိုက်ခိုက်ရန် ကြံသူ ၂ ဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ဖမ်းဆီး လိုက်ကြောင်း ဂျကာတာ ဂလုပ် သတင်းတရပ်၌ ဖော်ပြထားသည်။ ယင်းတို့ အနေနဲ့ မြန်မာအစိုးရက ရိုဟင်ဂျာ မွတ်စလင်များအပေါ် ဆက်ဆံပုံကို မနှစ်သက် မကျေနပ်၍ လက်စားချေလိုခြင်းကြောင့် ဖြစ်ကြောင်း၊ ဗုံးခွဲရန် ကြံသူ ၂ ဦးဖြစ်သည့် J.M. (known as Asep) နှင့် Ovie တို့ကို ဗုံး ၅ လုံးနှင့်အတူ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူ ရဲအရာရှိ Brig. Gen. Boy Rafli Amar က ပြောသည်။ Asep က ဂျကာတာ တောင်ပိုင်းမှာ နေထိုင်တဲ့ ရေသန့် ဖြန့်ဖြူးရေး စီးပွားရေး သမားဖြစ်ပြီး၊ ၎င်းက အစီ အစဉ်အတွက် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း၊ ဒုတိယတဦးက Achmad Taufik (သို့) Ovie ဖြစ်ပြီး ဂျာဗား အလယ်ပိုင်း Cilacap ၌ ဖွေးဖွားသူဖြစ်ကြောင်း၊ ၎င်းတို့ ၂ ဦးအား အဝတ်ဖြင့် ရစ်ပတ်ထားသည့် ဝါယာကြိုးများနှင့် ဗုံး ၅ လုံး ပါသည့် အထုပ်၂ ထုပ် သယ်ဆောင်လာစဉ် ဖမ်းဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။