သတင်းတို

အထက်မင်းလှတွင် အိမ်ခြေ ၁၀၀ ကျော် မီးလောင်

This article has been converted from Zawgyi One to Unicode

မကွေးတိုင်းဒေသကြီး မင်းလှမြို့နယ် ရေနံမ ကျေးရွာတွင် ယနေ့နံနက် ၄ နာရီ ၄၅ မိနစ်အချိန်မှ ၇ နာရီ အထိ မီးလောင်မှု ဖြစ်ပွားခဲ့ရာ အိမ်ခြေ ၁၀၉
လုံး မီးထဲပါသွားကြောင်း ယင်းတိုင်းဒေသကြီး မီးသတ်တပ်ဖွဲ့ရုံးမှ အတည်ပြုသည်။ သွားရောက် ငြှိမ်းသတ်နေသော မီးသတ်ကားများပြန်လာရောက်ရှိလာခြင်း မရှိသေးသောကြောင့် လောင်ကျွမ်းရသည့် အကြောင်းရင်းကို မပြောနိုင်သေးကြောင်း မင်းလှမြို့နယ် မီးသတ်တပ်ဖွဲ့မှ တာဝန်ကျဝန်ထမ်းက
ဧရာဝတီသို့ ပြောကြားသည်။ သို့ရာတွင် အတည်မပြုနိုင်သေးသော သတင်းရပ်ကွက်၏ အဆိုအရ မင်းလှမြို့နယ်ရှိ ရေနံတွင်းများမှ တဆင့် မီးလောင်ကျွမ်းမှု စတင်ခဲ့သည်ဟု ကြားသိရသည်။

Loading