သမ္မတ ဦးသိန်းစိန်သည် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများနှင့် ယမန်နေ့က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ ယင်းသို့တွေ့ဆုံရာတွင် သမ္မတက အမျိုးသားရေး ရည်မှန်းချက်သည် လွတ်လပ်ပွင့်လင်းပြီး အားလုံး ပါဝင်နိုင်သည့် နိုင်ငံရေး ဖြစ်စဉ်နှင့် တန်းတူရည်တူ ယှဉ်ပြိုင်နိုင်ခွင့် ရှိသည့် စီးပွားရေး ဖြစ်စဉ်များဖြင့် တည်ဆောက်ထားသည့် မြန်မာနိုင်ငံတော်သစ် (New Myanmar) ကို တည်ဆောက်ရန် ဖြစ်ကြောင်း၊ အမျိုးသားရေး ပန်းတိုင်ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွက်ရာတွင် အားလုံးပါဝင်ရန် လိုကြောင်း တိုက်တွန်းပြောကြားသည်ဟု သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။