သတင်းတို

မြန်မာဆန် တန်ချိန် ၅၀၀၀ ဂျပန် ဝယ်မည်

This article has been converted from Zawgyi One to Unicode

ဂျပန်ကုမ္ပဏီ မစ်ဆူအီက မြန်မာနိုင်ငံမှ အရည်အသွေး ကောင်းမွန်သည့် ဆန်(ဂရိတ်-၅) တန်ချိန် ၅၀၀၀ ဝယ်ယူမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အဖွဲ့ချုပ်၏ ပြောကြားချက်ကို ကိုးကား၍ ယနေ့ထုတ် ကြေးမုံ သတင်းစာ၌ ဖော်ပြထားသည်။ ဆန် ၁ တန် လျှင် အမေရိကန် ဒေါ်လာ ၄၉၀ ဖြင့် တင်ပို့ရောင်းချမည် ဖြစ်ကြောင်း၊ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် ဆန် တန်ချိန် ၁ ဒသမ ၅ သန်း တင်ပို့ရန် ရည်မှန်းထားကြောင်း၊ လက်ရှိတွင် ဆန် တန်ချိန် ၆ သိန်းခန့် တင်ပို့နိုင်ခဲ့ပြီ ဖြစ်ကြောင်း သိရသည်။

Loading