သတင်းတို

မိတ္ထီလာ၌ ဘုန်းကြီးတပါး အသတ်ခံရမှု ၇ ဦးစွဲချက်တင်ခံရ

This article has been converted from Zawgyi One to Unicode

မန္တလေးတိုင်း မိတ္ထီလာမြို့၌ မတ်လ ၂၀ ရက်က စတင်ခဲ့သော ဆူပူအကြမ်းဖက်မှုတွင် ဗုဒ္ဓဘာသာ ဘုန်ကြီး တပါး အသတ်ခံရမှုနှင့် ပတ်သက်ပြီး မွတ်စလင် ၇ ဦးကို ယမန်နေ့က စွဲချက် တင်လိုက်ကြောင်း သတင်းရသည်။ စွဲချက်တင် ခံရသူများသည် ပြစ်ဒဏ်ချခံရ ပါက သေဒဏ် နှင့် တသက်တကျွန်း တခုခု ချမှတ်ခံရနိုင်ကြောင်း၊ သို့သော် တဦးမှာ အသက်မပြည့်သေးသူ ဖြစ်၍ လျှော့ပေါ့သည့် အနေနှင့် ထောင်ဒဏ် ၇ နှစ်ထက် မပိုနိုင်ကြောင်း ရှေ့နေကွန်ရက်ကို ကိုးကား၍ ဘီဘီစီ သတင်းက ဆိုသည်။

Loading