မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌ တာဝန်ကို ဘဏ္ဍာရေးနှင့်အခွန် ဝန်းကြီးဌာန ဝန်ကြီး ဦးဝင်းရှိန်အား ပြောင်းလဲ ခန့်အပ် လိုက်ကြောင်း သိရသည်။ အတွင်းရေးမှူးအဖြစ် အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဒေါက်တာ ကံဇော် တို့အား နိုင်ငံ တော်သမ္မတ အမိန့်ဖြင့် ခန့်အပ်ကြောင်း သမ္မတရုံး ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်အဖွဲ့ဝင်များအဖြစ် သစ်တောနှင့် သဘာဝပတ်ဝန်းကျင် ဝန်ကြီး ဦးဝင်းထွန်း၊ ရထားဝန်ကြီး ဦးဇေယျာအောင်၊ စီးပွားရေး ပညာရှင် ဒေါက်တာ အောင် ထွန်းသက် စသည်ဖြင့် ၁၁ ဦးပါဝင်သည်။ ယခင် ရင်နှီးမြှုပ် ကော်မရှင် ဥက္ကဋ္ဌ မှာ သမ္မတ ရုံးဝန်ကြီး ဦးစိုးသိန်း ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။