သတင်းတို

မဒေးကျွန်း ဆန္ဒပြ ခေါင်းဆောင်များကို တရားစွဲ

This article has been converted from Zawgyi One to Unicode

ရခိုင်ပြည်နယ် ကျောက်ဖြူမြို့နယ် မဒေးကျွန်း ၌ ရွှေသဘာ၀ ဓာတ်ငွေ့စီမံကိန်းကြောင့် နစ်နာမှုများအတွက် ဆန္ဒပြသည့် ဒေသခံ ဦးဆောင်သူများကို အာဏာပိုင်များက ရုံးတင် စစ်ဆေးနေကြောင်း သတင်းရသည်။ ယမန်နေ့က မဒေးကျွန်း ဒေသခံ ၁၀ ဦးကို တရားဝင်ဆန္ဒပြခွင့် မရဘဲ ဆန္ဒပြသောကြောင့် ပုဒ်မ ၁၈ ကို ဖောက်ဖျက် ကျူးလွန်မှုဖြင့် ကျောက်ဖြူ တရားရုံး၌ တရားစွဲဆိုခြင်း ဖြစ် ကြောင်း ဗီအိုအေ သတင်း၌ ဖော်ပြထားသည်။ ယင်း ဆန္ဒပြပွဲကို ပြီးခဲ့သည့် မတ်လအတွင်း က ပြုလုပ်ကြခြင်း ဖြစ်သည်။

Loading