ငြိမ်းချမ်းရေး နိုဗဲလ် ဆုရှင် တိဘက် ဘုန်းတော်ကြီး ဒလိုင်းလားမားက မြန်မာနိုင်ငံတွင်း ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာ နှင့် အစ္စလမ် ဘာသာဝင်များအကြား အကြမ်းဖက် သတ်ဖြတ်မှုများနှင့် ပတ်သက်ပြီး ဝေဖန်ပြောဆိုသည်။ ဘာသာရေး အကြောင်းပြချက်နှင့် လူအများ သေကြေကြရခြင်းသည် အလွန် ဝမ်းနည်ဖွယ်ကောင်းကြောင်း၊ အကြမ်းဖက် သတ်ဖြတ်မှု ပဋိပက္ခများသည် ဘာသာ ရေး မဟုတ်ကြောင်း ဘုန်းတော်ကြီးက ပြောဆိုသည်ဟု Reuters သတင်းတွင် ဖော်ပြထားသည်။ ယမန်နေ့က အမေရိကန်နိုင်ငံ မေရီ လန်း တက္ကသိုလ်တွင် ကျင်းပသည့် ဟောပြောပွဲ၌ ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောကြားသွားခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။