ထိုင်းဝန်ကြီးချုပ်ဟောင်း H.E. General Chavalit Yongchaiyudh ချာဗလစ် ယောင်ချိုင်ယု နှင့် ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း ယမန်နေ့က တွေ့ဆုံသည်။ ယင်းသို့ တွေ့ဆုံရာတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ကျေးလက်နေ ပြည် သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရင်းနှီးမြှုပ်နှံရေး ဆိုင်ရာများ ဆွေးနွေးကြောင်း အစိုးရ သတင်းစာများ၌ ဖော်ပြ ထားသည်။ ချာဗလစ် ယောင်ချိုင်ယုသည် ၁၉၉၆-၁၉၉၇ ခုနှစ် က ဝန်ကြီးချုပ် တာဝန်ယူခဲ့သူ ဖြစ်ပြီး ဗိုလ်ချုပ်ကြီးဟောင်း လည်း ဖြစ်သည်။ ၎င်းသည် လက်ရှိ ဝန်ကြီးချုပ် ယင့်လပ် ရှင်နာဝပ် ၏ ဖုယာ့ထိုင်း ပါတီဝင်လည်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။