ဗိုလ်ကြီးဟောင်း နေမျိုးဇင် ကို ပြည်ထဲရေး ဝန်ကြီးအမိန့်ဖြင့် ယခင် အမှုအဟောင်းအတွက်ဟု ဆိုကာ ယမန်နေ့က ထောင်ဒဏ် ၆ နှစ် ချမှတ် လိုက်ကြောင်း သတင်းရသည်။ ၎င်းသည် အသရေ ဖျက်မှုဖြင့် ဧရာတိုင်း မအူပင် ထောင်၌ ထောင်ဒဏ် ၃ လ ကျခံနေရ သူ ဖြစ်ကြောင်း၊ ပန်းတနော် ဒေသခံ လယ်သမားများကို အကူအညီပေးရင်း အဖမ်းခံခဲ့ရခြင်း ဖြစ်ကြောင်း သိရသည်။ ဗိုလ်ကြီး ဟောင်း နေမျိုးဇင် သည် ၂၀၁၁ ခုနှစ်အတွင်းက အီလက်ထရွန်နစ် ပုဒ်မဖြင့် ထောင်ဒဏ် ၁၀ နှစ်ချမှတ်ခံထားရပြီး ၂၀၁၂ ဇန်နဝါရီ ၁၃ ရက်က သမ္မတ ဦးသိန်းစိန် အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသူ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။