သတင်းတို

မြန်မာ သမဝါယမ ဘဏ်ကို ထိုင်း Kbank ကနေ ငွေလွှဲနိုင်ပြီ

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံရှိ မြန်မာပြည်သားများ ထိုင်း Kasikorn Bank (Kbank) ဘဏ်မှ မြန်မာနိုင်ငံရှိ သမဝါယမ ဘဏ်သို့ မေလ ၂၈ ရက်မှ စတင်၍ ငွေလွှဲနိုင်မည် ဖြစ်ကြောင်း သိရသည်။ ယင်း အစီအစဉ်အတွက် နှစ်နိုင်ငံ ဘဏ်များ သဘောတူ လက်မှတ်ထိုး ထားပြီးကြောင်း၊ သမဝါယမ ဘဏ်က မေလ ၃၁ ရက်နေ့အထိ ငွေလွှဲခ ထိုင်းဘတ်ငွေ ၂၀၀ ကို ဖြတ်မည် မဟုတ်သေးကြောင်း ဘန်ကောက်ပို့စ် သတင်း၌ ဖော်ပြထားသည်။

Loading