သတင်းတို

ထိုင်း ကုမ္ပဏီ မြန်မာတွင် နေစွမ်းအင် စီမံကိန်းများ လုပ်ကိုင်မည်

This article has been converted from Zawgyi One to Unicode

ထိုင်းနိုင်ငံမှ Green Earth(Thailand) Co. Ltd., ကုမ္ပဏီ က မြန်မာနိုင်ငံ နေစွမ်းအင် ဆိုင်ရာ စီမံကိန်း အသစ်များတွင် ဒေါ်လာ ၂၇၅ သန်း ခန့် ရင်းနှီးမြှုပ်နှံ လုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။ လျှပ်စစ်ဓာတ်အား ၂၁၀ မီဂါဝပ် ထုတ်လုပ်နိုင်မည့် နေစွမ်းအင် စီမံကိန်း အတွက် စစ်ကိုင်းတိုင်း မင်းဘူးမြို့နယ်တွင် လုပ်ကိုင်ရန် လျာထားကြောင်း Bloomberg သတင်း၌ ပါရှိသည်။ ယင်း စီမံကိန်း လုပ်ကိုင်ရန် လျှပ်စစ် စွမ်းအား ဝန်ကြီးဌာနနှင့် Green Earth ကုမ္ပဏီတို့ ပြီးခဲ့သည့် အပတ်က နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးထားကြောင်း၊ စီမံကိန်းမှ ထွက်ရှိမည့် လျှပ်စစ် ဓာတ်အားကို မြန်မာ အစိုးရသို့ နှစ် ၃၀ ရောင်းချပေးမည်ဖြစ်ကြောင်း လည်း သိရသည်။

Loading