သတင်းတို

မူးယစ်ဆေးဝါး ထိန်းချုပ်ရေး UNODC နှင့် ၆ နိုင်ငံဆွေးနွေး

This article has been converted from Zawgyi One to Unicode

သမ္မတ ဦးသိန်းစိန်သည် မူးယစ်ဆေးဝါး ပူးပေါင်းထိန်းချုပ်ရေး ဆိုင်ရာ ၆ နိုင်ငံ နားလည်မှု စာချွန်လွှာ ဝန်ကြီးအဆင့် အစည်းအဝေး တက်ရောက်မည့် ကမ္ဘောဒီးယား၊ တရုတ်၊ လာအို၊ မြန်မာ၊ ထိုင်း၊ ဗီယက်နမ် နှင့် ကုလသမဂ္ဂ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး အဖွဲ့ (UNODC) မှ ကိုယ်စားလှယ်များနှင့် ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။ ယင်းသို့ တွေ့ဆုံရာတွင် မူးယစ်ဆေးဝါး ထိန်းချုပ်ရေး ဆိုင်ရာ ၆ နိုင်ငံတို့၏ တနိုင်ငံချင်းအလိုက် ဆောင်ရွက်ချက်များ၊ ၆ နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုများနှင့် UNODC နှင့် ၆ နိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

Loading