အကျဉ်းထောင် အသီးသီးတွင် ပြစ်ဒဏ်ကျခံလျက်ရှိသော နိုင်ငံရေး အကျဉ်းသားများအား လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွှတ်ပေးနိုင်ရေးအတွက် စိစစ်ဆောင်ရွက်ရန် လက်ကျန်နိုင်ငံရေး အကျဉ်းသားများ စိစစ်ရေးကော်မတီကို တိုးချဲ့ဖွဲ့စည်းလိုက်ကြောင်း သတင်းရရှိသည်။ သမ္မတရုံးဝန်ကြီး ဦးစိုးသိန်း ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ပြီး ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ အရပ်ဘက် လူမှုရေး အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် နိုင်ငံရေး ပါတီအချို့မှ ကိုယ်စားလှယ်များ ပါဝင်သော အဖွဲ့ဝင် ၁၉ ဦးဖြင့် ပြင်ဆင်တိုးချဲ့ ဖွဲ့စည်းလိုက်ကြောင်း မေလ ၈ ရက်နေ့စွဲဖြင့် သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။