အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်ခဲ့သော စစ်သွေးကြွများ ပုန်းအောင်းနေသည်ဟု သံသယရှိသည့် နေရာတခုကို ယမန်နေ့က အင်ဒိုနီးရှား ရဲတပ်ဖွဲ့က စီးနင်းရှာဖွေစဉ် အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ ၃ ဦးသေဆုံးပြီး ၁ ဦး လက်ရဖမ်းမိကြောင်း အင်ဒိုနီးရှားရဲတပ်ဖွဲ့က တရားဝင်ထုတ်ဖော်ပြောဆိုသည်။ မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်သူများ ခိုအောင်းနေနိုင်သည်ဟု ယူဆရသော အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားခရိုင် Cigondewah ကျေးရွာရှိ နေအိမ်တလုံးကို အင်ဒိုနီးရှား ရဲတပ်ဖွဲ့က မေလ ၈ ရက်နေ့တွင် စီးနင်းဝင်ရောက်စဉ် ပစ်ခတ်မှုများ အပြန်အလှန် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတွင် အစ္စလမ်ဘာသာဝင်များကို အကြမ်းဖက် သတ်ဖြတ်နေသည်ဟုဆိုကာ အစ္စလမ် အစွန်းရောက်ဝါဒီများက မြန်မာနိုင်ငံအပေါ် ဂျီဟတ်ဘာသာရေးစစ်ပွဲ ဆင်နွှဲရန် လှုံ့ဆော်လျက်ရှိသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။