အမေရိကန် သမ္မတ ဘားရက် အိုဘားမားက မြောက်ကိုရီးယားနိုင်ငံ အနေဖြင့် မြန်မာနိုင်ငံ၏ ပြုပြင်ပြောင်းလဲမှုများကို ကြည့်ရှု လေ့လာသင့်ကြောင်း၊ နိုင်ငံ ပြန်လည် တည်ဆောက်ရာတွင် အမေရိကန်၊ တောင်ကိုရီးယား နိုင်ငံများ အပါအဝင် နိုင်ငံတကာနှင့် ကုန်သွယ်ရေး၊ ရင်းနှီးမြှုပ်နှံမှုနှင့် သံတမန်ဆက်သွယ်ရေး ထူထောာင် လုပ်ဆောင်နေမှုများကို နမူနာ ယူသင့်ကြောင်း တိုက်တွန်းပြောဆိုသည် ဟု တောင်ကိုရီးယား အခြေစိုက် The Dong-A Ilbo သတင်းတရပ်၌ ဖော်ပြထားသည်။ တောင်ကိုရီးယား သမ္မတ ပတ်ဂျုံဟီးနှင့် ပထမဆုံး တွေ့ဆုံသည့် ထိပ်သီး ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲ၌ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်းကို ရည်ရွယ်ကာ ယင်းသို့ ပြောကြားလိုက် ခြင်း ဖြစ်သည်။ ကင်ဂျုံအန်းသည် ၂၀၁၁ ခုနှစ်က ကွယ်လွန်ခဲ့သော ဖခင် ကင်ဂျုံအီ၏ အရိုက်အရာကို ဆက်ခံလာသူ ဖြစ်သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။