သတင်းတို

မြောက်ဒဂုံ-ဆူးလေ ဘီအမ်ကား တိမ်းမှောက်မှု ခရီးသည် ၁၀ ဦး ဒဏ်ရာရ

This article has been converted from Zawgyi One to Unicode

ရန်ကုန်မြို့ မြောက်ဒဂုံမှ ဆူးလေသို့ ပြေးဆွဲနေသော အရှေ့ပိုင်းခရိုင် ၂၃၅ ယာဉ်လိုင်းမှ ခရီးသည်တင် ဘီအမ်ကားတစီးသည် ယနေ့ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်ခန့်က အလံပြဘုရားလမ်းမပေါ်တွင် တိမ်းမှောက်ပြီး ခရီးသည် ၁၀ ဦး ဒဏ်ရာရှိသွားကြောင်း သိရှိရသည်။ ခရီးသည်တင် ကားအချင်းချင်း အပြိုင်အဆိုင် လုမောင်းရာမှ တိမ်းမှောက်ခြင်းဖြစ်ပြီး ကားပေါ်တွင် ခရီးသည် ၂၀ ဦးကျော် လိုက်ပါပြီး ရှိပြီး ၁၀ ဦးဒဏ်ရာရသွားကြောင်း၊ ဒဏ်ရာရရှိသူများတွင် ၃ ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း၊ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တို့မှာ ထွက်ပြေးတိမ်းရှောင်သွားကြောင်း သိရှိရသည်။

Loading