• English
Sunday, May 25, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

မြန်မာသံရုံးဗုံး မသင်္ကာသူ ၇ ဦး ပစ်သတ်ခံရ၊ ၆ ဦးဖမ်းမိ

by ဧရာဝတီ
9 May 2013
in သတင်း
A A
မြန်မာသံရုံးဗုံး မသင်္ကာသူ ၇ ဦး ပစ်သတ်ခံရ၊ ၆ ဦးဖမ်းမိ

အကြမ်းဖက်မှု ဆန့်ကျင်ရေး လေ့ကျင့်နေသော အင်ဒိုနီးရှား လုံခြုံရေးရဲတပ်ဖွဲ့ (ဓာတ်ပုံ- Reuters)

8.8k
VIEWS
Share on FacebookShare on Twitter

အင်ဒိုနီးရှားနိုင်ငံ၊ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးခွဲရန် ကြံစည်သည်ဟု မသင်္ကာသူများကို အင်ဒိုနီးရှားရဲတပ်ဖွဲ့က နေရာ ၃ ခုတွင် ဝင်ရောက်စီးနင်း ဖမ်းဆီးခဲ့ရာ အစ္စလမ်စစ်သွေးကြွ ၇ ဦး ပစ်သတ်ခဲ့ပြီး ၆ ဦး လက်ရ ဖမ်းဆီးမိကြောင်း အင်ဒိုနီးရှားနိုင်ငံမှ လာသော သတင်းများ အရ သိရှိရသည်။

ယမန်နေ့ ညပိုင်းက အင်ဒိုနီးရှားနိုင်ငံ ဂျားဗားပြည်နယ် Kebumem မြို့ရှိ အိမ်တလုံးကို ရဲတပ်ဖွဲ့ဝင်များက ဝင်ရောက် စီးနင်းခဲ့ရာ တညလုံး တိုက်ပွဲများ ဖြစ်ခဲ့ကြောင်း၊ ပစ်ခတ်မှုအတွင်း မသင်္ကာဖွယ်ရာ စစ်သွေးကြွ ၃ ဦး သေဆုံးခဲ့ကာ ၄ ဦး လက်ရ ဖမ်းဆီး နိုင်ခဲ့သည်။

RelatedPosts

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

ထိုင်းစစ်တပ်မြင်လိုက်ရတဲ့ မြန်မာစစ်တပ်ရဲ့ ကျရှုံးမှု (ရုပ်/သံ)

24 May 2025
212
အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

အီလွန်မတ်စ် တက်စ်လာ က Robotaxi တွေကို ဇွန်လမှာ စမ်းသပ်တော့မယ်တဲ့

24 May 2025
267
မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

မြန်မာပြည် ရှေ့တန်းစစ်မျက်နှာများတွင် သတင်းလိုက်ခြင်း

24 May 2025
435

အလားတူ ယမန်နေ့က Cigondewah ကျေးရွာရှိ အကြမ်းဖက်စစ်သွေးကြွများ ခိုအောင်း နေသော နေအိမ်တခုကို ဝင်ရောက် စီးနင်းခဲ့ရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ၃ ဦးသေဆုံးကာ ၁ ဦး လက်ရဖမ်းမိခဲ့ကြောင်း၊ Batang မြို့တွင် လည်း ဝင်ရောက် စီးနင်းမှုပြုလုပ်ခဲ့ရာ သံသယရှိသူ စစ်သွေးကြွ ၁ ဦး သေဆုံးခဲ့ပြီး မတ်လ အတွင်းက ဂျာကာတာမြို့ရှိ ရတနာဆိုင်တဆိုင် ဓါးပြတိုက်မှုပတ်သက်၍ မသင်္ကာရသူ ၁ ဦးကို ဖမ်းဆီးနိုင်ခဲ့ရာ စုစုပေါင်း ၇ ဦးသေဆုံးပြီး ၆ ဦး ဖမ်းမိထားကြောင်း ရဲမှူးချုပ် Boy Rafli Amar ကပြောသည်။

သေဆုံးသွားသူ ၇ ဦးသည် လက်နက်ချရန် ငြင်းဆန်ခဲ့ကြပြီး လုံခြုံရေးတပ်ဖွဲ့များကို သေနတ်များ၊ လက်လုပ်ဗုံးများဖြင့် ပြန်လည်ပစ်ခတ် ခုခံခဲ့ကြခြင်းကြောင့် ရဲတပ်ဖွဲ့က ပစ်သတ်ခဲ့ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားအမျိုးသား ရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့် ရှိသူ ရဲမှူးချုပ် Boy Rafli Amar က အေပီသတင်းဌာနသို့ ပြောဆိုသည်။

Cigondewah ကျေးရွာစီးနင်းမှုတွင် စစ်သွေးကြွ အကြမ်းဖက်သမားများဟု မသင်္ကာရသူများထံမှ ပစ္စတို ၃ လက်နှင့် လက်လုပ် ဗုံး ၄ လုံး သိမ်းဆည်း မိခဲ့ကြောင်း၊အကြမ်းဖက်သမားများသည် ဓားပြမှုအများအပြားတွင်လည်း ပါဝင် ပတ်သက် သည်ဟုလည်း ယုံကြည်ရကြောင်း အင်ဒိုနီရှားရဲတပ်ဖွဲ့၏ အကြီးအကဲ ရဲဗိုလ်ချုပ်ကြီး Timur Pradopoက ဆိုသည်။

အကြမ်းဖက်မှုစစ်သွေးကြွများသည် ရဲတပ်ဖွဲ့ကို အဓိကဦးတည်ချက်ထားသော အကြမ်းဖက်လုပ်ငန်းများပြုလုပ်ရန် ရည်ရွယ်ချက်ရှိပြီး ရန်ပုံငွေ ရရှိရန် ဓားပြမှုများ ကျူးလွန်နေသည့် အဖွဲ့ကြီး တခု၏ အစိတ်အပိုင်းများ ဖြစ်နိုင်သည်ဟု အင်ဒိုနီးရှား ရဲတပ်ဖွဲ့က ယူဆထားသည်ဟု သိရှိရသည်။

ဗုဒ္ဓဘာသာဝင် အများစုနေထိုင်ရာ မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သော ဘာသာရေးပဋိပက္ခ များအတွင်းတွင် မူဆလင် အမြောက်အများ သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်ဆိုကာ အင်ဒိုနီးရှားနိုင်ငံမှ အစွန်းရောက် ဝါဒီများက ဂျာကာတာမြို့ရှိ မြန်မာသံရုံးရှေ့တွင် သွားရောက် ဆန္ဒပြခဲ့ကြောင်း၊ မြန်မာနိုင်ငံအပေါ်လည်း ဂျီဟတ် ခေါ် ဘာသာရေးစစ်ပွဲဆင်နွဲရန် တောင်းဆိုသည်။

Your Thoughts …
Tags: Indonesia
ဧရာဝတီ

ဧရာဝတီ

...

Similar Picks:

အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အောင်မြင်မှု၏ ဆန့်ကျင်ဘက် (၂)

အင်ဒိုနီးရှားနိုင်ငံ ဒီမိုကရေစီ အောင်မြင်မှု၏ ဆန့်ကျင်ဘက် (၂)

by အက်ဒ်ဝပ် အက်စ်ပင်နယ်လ်
18 July 2013
2.8k

နယ်မြေ အသစ်များရေးဆွဲရာတွင် နိုင်ငံရေး ခေါင်းဆောင်များသည် အများအားဖြင့် လူမျိုးစုမျဉ်းအား အခြေခံကာ ရေးဆွဲခြင်း ဖြစ်သောကြောင့် လူအုပ်စု အချင်းချင်းကြား ရန်စောင်မှုသည် သယံဇာတ ခွဲဝေရေး ကွန်ရက်အဖြစ်သို့ ပြောင်းလဲသွားသည်။

မြန်မာ့ဈေးကွက် အင်ဒိုနီးရှား မျက်စိကျ

မြန်မာ့ဈေးကွက် အင်ဒိုနီးရှား မျက်စိကျ

by ဝီလျံဘွတ်
30 April 2013
11.1k

အင်ဒိုနီးရှားနိုင်ငံသမ္မတ အလည်အပတ် ရောက်လာခဲ့ခြင်းသည် မြန်မာနိုင်ငံတွင် အင်ဒိုနီးရှား၏ လာရောက် ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ သန်းတထောင် အထိ မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဖြစ်သည်။

ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦး အင်ဒိုနီးရှားတွင် တိုက်ခိုက်ရေး အကူအညီ လာယူ

ရိုဟင်ဂျာ ခေါင်းဆောင် နှစ်ဦး အင်ဒိုနီးရှားတွင် တိုက်ခိုက်ရေး အကူအညီ လာယူ

by ဧရာဝတီ
12 July 2013
6.8k

(ICG) အကြီးတန်း အကြံပေး Sidney Jones က စင်ကာပူ အခြေစိုက် The Straits Times သတင်းစာသို့ “JI အဖွဲ့နဲ့ RSO အဖွဲ့အကြား အဆက်အသွယ်ကို လေ့လာကြည့်ရင် အာဖဂန် ပြဿနာကို...

ဂျိုကိုဝီတော့ သမ္မတ ဖြစ်သွားပြီ

ဂျိုကိုဝီတော့ သမ္မတ ဖြစ်သွားပြီ

by အောင်ဇော်
25 August 2014
6.5k

လက်တွေ့ကျပြီး အောက်ခြေသိမ်း လုပ်နိုင်တဲ့ မျက်နှာသစ် မြို့ဝန်လေးရဲ့ ဂုဏ်သတင်းဟာ ဂျကာတာမြို့တော် အထိ ရိုက်ခတ် သွားခဲ့တယ်

ဂျိုကိုဝီ

အင်ဒိုနီးရှား ဒီရေမြင့်သစ်ကို လှမ်းမျှော်ကြည့်ခြင်း

by ညီစောလွင်
26 July 2014
9.1k

ကမ္ဘာမှာ မွတ်စလင် လူဦးရေ အများဆုံး နိုင်ငံဖြစ်တဲ့ အင်ဒိုနီးရှားက ဒီမိုကရေစီ ယဉ်ကျေးမှုကို အိနြေ္ဒမပျက် နောက်တဆင့် မြှင့်တင်ပြ လိုက်တယ်။ ဒီမိုကရေစီဟာ လူမျိုး ဘာသာမရွေးဘူး ဆိုတာကို သက်သေပြ လိုက်တာပါ။

မြန်မာ – အင်ဒိုနီးရှား ကုန်သွယ်ရေး ဒေါ်လာ ၁ ဘီလီယံအထိ တိုးမြှင့်သွားမည်

မြန်မာ – အင်ဒိုနီးရှား ကုန်သွယ်ရေး ဒေါ်လာ ၁ ဘီလီယံအထိ တိုးမြှင့်သွားမည်

by လင်းသန့်
13 June 2013
2.4k

“ကျနော်တို့ လာမယ့် ၂၀၁၆ ခုနှစ်မှာ ကုန်သွယ်မှု တန်ဖိုး အမေရိကန်ဒေါ်လာ ၁ ဘီလီယံအထိ ရောက်အောင် ရည်ရွယ်လုပ်ဆောင်ကြဖို့ သဘောတူလိုက်ကြတာ” ဟု နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ မာတီနာ တာလီဂါဝါက ပြောထားသည်။

Next Post
အမှတ် ၂၅၅ လိုင်းကားတိမ်းမှောက် ၁၀ဦးကျော်ဒဏ်ရာရ (ရုပ်/သံ)

အမှတ် ၂၅၅ လိုင်းကားတိမ်းမှောက် ၁၀ဦးကျော်ဒဏ်ရာရ (ရုပ်/သံ)

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်လာနိုင်

ဘင်္ဂလားပင်လယ်အော်တွင် မုန်တိုင်းဖြစ်လာနိုင်

Please login to join discussion
No Result
View All Result

Recommended

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

တမူးခရိုင် ပကဖတွေ ဘယ်လိုအသတ်ခံခဲ့ရလဲ

4 days ago
4k
တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

24 hours ago
3.8k

Most Read

  • တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    တော်လှန်ရေးဝိညာဉ် မရှိတော့တဲ့ သျှမ်းလက်နက်ကိုင်

    shares
    Share 0 Tweet 0
  • မိတ္ထီလာက ပျူနဲ့ စစ်ဗိုလ်ကြားက နောင်ဂျိန်ပွဲ

    shares
    Share 0 Tweet 0
  • ဟိုတယ်လုပ်ငန်းရှင် ဦးအောင်မျိုးမင်းဒင် နောက်ကွယ်မှာ အာဏာသိမ်းစစ်ခေါင်းဆောင် မိသားစုရှိနေသလား

    shares
    Share 0 Tweet 0
  • မင်းအောင်လှိုင် အသေထွက်မလား၊ အရှင်ထွက်မလား (ရုပ်/သံ)

    shares
    Share 0 Tweet 0
  • KIA ပစ်ချသည့် စစ်ရဟတ်ယာဉ်မှ ၁၉ ဦး သေဆုံး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate