သတင်းတို

အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့ ဖွဲ့စည်း

This article has been converted from Zawgyi One to Unicode

လုပ်ငန်း ၅ ရပ် ဆောင်ရွက်ရန် ရည်ရွယ်၍ သူရဦးသောင်းလွင် ဥက္ကဋ္ဌအဖြစ် ပါဝင်ပြီး အဖွဲ့ဝင် ၉ ဦးပါ “အခွန်ကောက်ခံမှု စိစစ်ကြပ်မတ်ရေး ဘုတ်အဖွဲ့” ဖွဲ့စည်းလိုက်ကြောင်း သိရသည်။ အဆိုပါအဖွဲ့သည် အခွန်စည်းကြပ် ကောက်ခံရာတွင် အခွန် ရရှိခြင်း ရှိ မရှိ စိစစ်ရန်၊ ဝန်ဆောင်မှု၊ ကုန်သွယ်မှု နှင့် ထုတ်လုပ်မှု လုပ်ငန်းများမှ အခွန်ကောက်ခံရရှိမှုကို စိစစ်ရန်၊ အခွန်ကောက်ခံမှုဆိုင်ရာ စိစစ်သုံးသပ်ချက်များအား ဘဏ္ဍာအခွန် ဝန်ကြီးဌာနသို့ တင်ပြရန်၊ ရသင့်သော အခွန်ရရှိရေးနှင့် နိုင်ငံတကာ စံညွှန်းနှင့် ကိုက်ညီစေရန် လေ့လာသုံးသပ်ရေး၊ အခွန်ကောက်ခံမှု စနစ်တကျ ဖြစ်ရေးနှင့် အခွန်အပြည့်ရရှိရေး အကူအညီပေးရန် တို့ကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အစိုးရထုတ်ပြန်ချက်အရ သိရသည်။

Loading