ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာ ထွန်းရှင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အစ္စရေးနိုင်ငံ သံအမတ်ကြီး H.E. Mr. Hagay Moshe Behar တို့သည် ယမန်နေ့က တွေ့ဆုံပြီး အစ္စရေး-မြန်မာ နှစ်နိုင်ငံ ဥပဒေရေးရာ ကိစ္စရပ်များ၊ အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေး ကိစ္စရပ်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။ ဆွေးနွေးမှုတွင် မြန်မာနိုင်ငံ၏ တိုးတက်ပြောင်းလဲနေသော နိုင်ငံရေး အခြေအနေ၊ ပြည်ထောင်စု ရှေ့နေချုပ်ရုံး၏ အခန်းကဏ္ဍ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရား စီရင်ရေး ကဏ္ဍတို့၏ အခြေအနေများနှင့် ပြည်ထောင်စု ရှေ့နေချုပ်ရုံးကို ကမ္ဘာ့အဆင့်မီ ရုံးတရုံးဖြစ်လာစေရန် ကြိုးပမ်းဆောင်ရွက်ချက်များ ပါဝင်ကြောင်း အစိုးရ သတင်းစာများတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။