သတင်းတို
မြန်မာ့ တက္ကသိုလ်များကို ကူညီရန် UK ကို ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
This article has been converted from Zawgyi One to Unicode
စစ်အစိုးရလက်အောက်တွင် ပျက်စီးခဲ့သော မြန်မာနိုင်ငံမှ တက္ကသိုလ်များ ပြန်လည် ထူထောင်ရေးအတွက် အကူအညီပေးရန် ယူနိုင်တက် ကင်းဒမ်းသို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းလိုက်သည်။ ယခုအခါ မြန်မာနိုင်ငံမှ တက္ကသိုလ် ပညာရေး အဆင့်အတန်းသည် အလွန်ကျဆင်းနေကြောင်း၊ ဘွဲ့ရပြီး ဘွဲ့ယူဓာတ်ပုံ ချိတ်ရန်လောက်သာ မျှော်လင့်နိုင်ကြောင်း၊ ရာစုနှစ်တဝက်ခန့် စစ်အုပ်ချုပ်ရေးလက်အောက် ကျရောက်ပြီးနောက် မြန်မာ့ တက္ကသိုလ် ပညာရေးစနစ်သည် ပျက်သုဉ်းလုနီးပါး ဖြစ်နေကြောင်း ဒေါ်အောင်ဆန်းစုကြည်က လန်ဒန်ရှိ တက္ကသိုလ် အမှုဆောင်လူကြီးများ အစည်းအဝေးသို့ ပေးပို့သော ရုပ်သံမိန့်ခွန်းတွင် ပြောကြားထားသည်။