မြန်မာပြည်တွင် Iron Man 3 ရုပ်ရှင်ဇာတ်ကား ပြသပြီး ပထမ တပတ် အတွင်းမှာပင် ဒေါ်လာ ၁၀၉၀၀၀ (မြန်ကျပ်ငွေ ၉၇ ဒသမ ၉ သန်း) ဝင်ငွေ ရရှိခဲ့ကြောင်း Disney ကုမ္ပဏီက သတင်းထုတ်ပြန်ထားသည်။ အဆိုပါ ဇာတ်ကားကို မြန်မာနိုင်ငံတွင် ၆ နေရာ၌ ပြသလျက်ရှိကြောင်း၊ ယင်း အနက်မှ ၃ ခုမှာ နယ်ရုပ်ရှင်ရုံများတွင် လည်းကောင်း၊ ၂ ခုမှာ ရန်ကုန် ရုပ်ရှင်ရုံများတွင် လည်းကောင်း၊ ၁ ခုမှာ Junction Cineplex တွင် လည်းကောင်း ပြသလျက် ရှိကြောင်း The Hollywood Reporter သတင်းတွင် ဖော်ပြထားသည်။ အရှေ့တောင် အာရှဆိုင်ရာ Disney Studio Entertainment မှ အကြီးအကဲ Chris Marsh က မြန်မာပရိတ်သတ်သည် 3D ဖောမက်ဖြင့် ကြည့်ရှုရန် အလွန်စိတ်အားထက်သန်ကြောင်း၊ အက်ရှင်များများပါသည့် ဇာတ်ကားများ နှစ်သက်ကြောင်း အဆိုပါသတင်းတွင် ပြောထားသည်။ သမ္မတ ဦးသိန်းစိန် အစိုးရ တက်ပြီးနောက် မြန်မာနိုင်ငံ၌ Twentieth Century Fox က Titanic 3D ရုပ်ရှင်ကားဖြင့် ၂၀၁၂ သြဂုတ်လတွင် ရန်ကုန်၌ ပထမဆုံး ဝင်ရောက်ပြသခဲ့သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။