မြန်မာနိုင်ငံ၏ ဂက်စ်တင်ပို့မှုသည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း အမြင့်ဆုံးစံချိန်သစ် တင်နိုင်ခဲ့ပြီး ဝင်ငွေ အမေရိကန် ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံ ရှိသည်ဟု Natural Gas Asia သတင်းတရပ်တွင် ဖော်ပြထားသည်။ ၂၀၁၁-၂၀၁၂ ဘဏ္ဍာနှစ် အတွင်းကမူ ဂက်စ်များ နိုင်ငံခြား တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၃ ဒသမ ၅ ဘီလီယံသာ ရှိခဲ့သည်။ နိုင်ငံခြားဝင်ငွေ အမေရိကန် ဒေါ်လာ ၇ ဒသမ ၂ ဘီလီယံ ရှိသည့် မြန်မာနိုင်ငံတွင် ဂက်စ်တင်ပို့မှုမှ ဝင်ငွေ အမြင့်မားဆုံး ရရှိနေခြင်း ဖြစ်သည်ဟု ဆိုသည်။ ယခု အခါ မြန်မာနိုင်ငံသည် ဂက်စ် တင်ပို့မှု ထိပ်တန်း ၁၀ နိုင်ငံတွင် ပါဝင်နေပြီ ဖြစ်သည်။ လက်ရှိတွင် မြန်မာနိုင်ငံမှ ဂက်စ်တင်ပို့မှု အများဆုံးမှာ ထိုင်းနိုင်ငံ ဖြစ်ပြီး ၁ ရက်လျှင် ဂက်စ် ၄၃၀ ကုဗပေ တင်ပို့လျက် ရှိကြောင်း တရားဝင် ထုတ်ပြန်ထားသည့် စာရင်း ဇယားများ အရ သိရှိရသည်။ ဂက်စ်အများဆုံး ထွက်ရှိသည်မှာ မြန်မာနိုင်ငံ အနောက်ဘက်ပိုင်း ကမ်းလွန်ဒေသရှိ ရတနာနှင် ရဲတံခွန် လုပ်ကွက်များမှ ထွက်ရှိကြောင်း သိရသည်။ ရွှေ နှင့် ဇောတိက ဂက်စ်တူးဖော်ရေး လုပ်ငန်းများက နိုင်ငံခြားသို့ တင်ပို့လာနိုင်မည် ဆိုပါက ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်တွင် မြန်မာနိုင်ငံ၏ ဂက်စ်ထုတ်လုပ် တင်ပို့ခြင်းသည် တဟုတ်ထိုး တိုးတက်သွားမည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။