သတင်းတို
ကျောက်ဖြူ စီးပွားရေးဇုန် မူကြမ်း ဆွေးနွေးပွဲ ကျင်းပမည်
This article has been converted from Zawgyi One to Unicode
ရခိုင်ပြည်နယ် ကျောက်ဖြူမြို့တွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန် တည်ဆောက်ရေးနှင့် ပတ်သက်၍ ဂျပန် ဖွံ့ဖြိုးရေး အင်စတီကျုမှ ဒေါက်တာ ရှိုအိချိ ကိုဘာယာရှီ (Dr. Shoichi Kobayashi) ရေးဆွဲ တင်ပြထားသော အထူးစီးပွားရေးဇုန် မာစတာ Plan မူကြမ်းအား ဆွေးနွေးရန် ကျောက်ဖြူအထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီက ဦးဆောင်ပြီး မေလ ၁၃ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကင်းမြို့နယ်ရှိ ကျွမ်းကျင်မှုလေ့ကျင့်ရေး သင်တန်းကျောင်း၊ အလုပ်သမား ညွှန်ကြားရေးမှူး ဦးစီးဌာနတွင် ကျင်းပမည်ဟု သိရှိရသည်။