• English
Wednesday, June 18, 2025
No Result
View All Result
NEWSLETTER

30 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ရွှေတော ရေကြီး မြေပြိုမှု သေဆုံးသူ ၃၆ ဦး အတည်ပြု၊ တရုတ်နိုင်ငံသားများလည်း ပါဝင်

by မေစစ်ပိုင်
11 May 2013
in သတင်း
A A
ရွှေတော ရေကြီး မြေပြိုမှု သေဆုံးသူ ၃၆ ဦး အတည်ပြု၊ တရုတ်နိုင်ငံသားများလည်း ပါဝင်

လူသေဆုံးမှုများဖြစ်ခဲ့သည့် အာရှကမ္ဘာမြေကုမ္ပဏီပိုင် ရွှေလုပ်ကွက်တကွက် (ဓာတ်ပုံ- မေစစ်ပိုင်/ ဧရာဝတီ)

16.3k
VIEWS
Share on FacebookShare on Twitter

ကလောမြို့နယ် ရွှေမင်းဖုန်းကျေးရွာအုပ်စု အာရှကမ္ဘာမြေ စက်မှုနှင့် သတ္ထုတူးဖော်ရေး ( Geo Asia ) ကုမ္ပဏီပိုင် ရွှေတောဒေသတွင် ပြီးခဲ့သည့် မေ၂ ရက် ညတွင် ဖြစ်ပွားခဲ့သော ရေကြီး မြေပြိုရာတွင် သေဆုံး ပျောက်ဆုံးသူများ စာရင်း အတိအကျ ရရှိနိုင်ရန် ခက်ခဲနေသေးပြီး တရုတ်နိုင်ငံသားများလည်း ပါဝင်နေကြောင်း စုံစမ်းသိရှိရသည်။

ယနေ့အထိ သေဆုံးသူ ၃၆ ဦး၊ ပျောက်ဆုံးသူ ၈ ဦးရှိသည်ဟု ကုမ္ပဏီထံမှ ကန်ထရိုက်ပြန်ယူပြီး ရွှေတူးလုပ်ငန်းဆောင်ရွက်နေသူ ဗိုလ်မှူးဇော်ဝင်းက ဧရာဝတီသို့ ပြောသည်။
ကုမ္ပဏီမှ ဌားရမ်းထားသည့် တရုတ်နိုင်ငံသားတဦး၏ အလောင်းကို ရှာဖွေ တွေ့ပြီး တရုတ်နိုင်ငံသား ၂ ဦး ပျောက်ဆုံးနေသောကြောင့် အပူတပြင်း ရှာဖွေနေကြောင်း ဧရာဝတီက သိရှိခဲ့သည်။

RelatedPosts

မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

မွန်ပြည်၌ မဟာမိတ်များနှင့်ပေါင်း၍ စစ်ရေးအရှိန်မြှင့်ရန် ပြင်

18 June 2025
54
သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

18 June 2025
1.1k
ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

ဖားကန့်တိုက်ပွဲ ဆက်ဖြစ်၊ အရပ်သား အသတ်ခံရမှုများ ရှိနေ

17 June 2025
308

သေဆုံးသူများထဲ ရွှေတူးဖော်ရေးလုပ်ငန်း တာဝန်ယူနေသော ဗိုလ်မှူးသူရပြုံးချိုလည်း ပါဝင်သည်။ သေဆုံးသူ ၃၆ ဦးတွင် မြေပြိုပြီး မိုင်းတွင်းပိတ်ကာ သေဆုံးသွားသော အလုပ်သမား ၁၆ ဦးမှာ ပြန်လည် တူးဖော်ရန် မလွယ်ကူတော့ကြောင်း သိရသည်။ ပြန်လည်ရှာဖွေတွေ့ရှိသော ရုပ်အလောင်းများမှာ ရေစီးဖြင့် မျောပါခဲ့သူများဖြစ်သည်။

မေ၂ ရက် ည ၁၁ နာရီခန့် မိုးသည်းထန်စွာရွာသည့်အချိန်တွင် ရွှေတောအတွင်းရှိ အင်း ၅ အင်းတွင် ည အချိန် အလုပ်ဆင်းနေသည့် အလုပ်သမား ၁၀၀ နီးပါး ရှိခဲ့ပြီး အခင်းဖြစ်ချိန်တွင်  ဂိုးစတားအင်း တစ်ခုတည်းမှ ညအလုပ်ဆင်းသူ ၁၆ ဦးလုံး ရွှေတွင်းအတွင်း ပိတ်မိပြီး မြုပ်သွားခဲ့ပြီး ရွှေကျင်ရာ မြစ်ကြောင်းတလျှောက် နေထိုင်သူများလည်း ရေစီးနှင့် မျောပါသွားခဲ့သည်။

ယင်း ရွှေလုပ်ကွက်ရှိ အလုပ်သမားအများစုမှာ မြင်းခြံနှင့် သာစည်မြို့နယ်များမှ ဖြစ်ကြောင်း၊ ရာထူးကြီးပိုင်းနှင့် ကုမ္ပဏီမှ တရားဝင်ခေါ်ယူထားသူများသာ ကိုယ်ရေးရာဇဝင်နှင့် အခြားအချက်အလက်များရှိပြီး မှတ်ပုံတင်မရှိဘဲ နားလည်မှုယူကာ ပုဒ်ပြတ်စား သဘောမျိုးဖြင့် လာရောက်လုပ်ကိုင်နေသည့် အလုပ်သမား များပြားကြောင်း၊ အချို့မှာ မိသားစုလိုက် လာရောက်နေထိုင်ကြကြောင်း၊ အာရှကမ္ဘာမြေကုမ္ပဏီက အစိုးရထံမှ ဌားရမ်းလုပ်ကိုင်သည်မှာ ၁ နှစ်ကျော်ခန့်သာ ရှိသေးကြောင်း ဗိုလ်မှူးဇော်ဝင်းက ရှင်းပြသည်။

“အလုပ်သမားက သောင်းနဲ့ချီရှိတာ၊ အဲဒီကိစ္စပြီးတော့ တဝက်ကျော်လောက်က ပြန်ကုန်တော့ အလုပ်ဆက်လုပ်ဖို့ ခက်ကုန်တယ်။ သေဆုံးနဲ့ ဒဏ်ရာရသွား တဲ့ အလုပ်သမားတွေကိုတော့ သင့်တော်တဲ့နှုန်းတခုနဲ့ လျော်ကြေးပေးတယ်။ ငွေကြေး အတိအကျတော့ မသိဘူး”ဟု ကန်ထရိုက်တာ ဗိုလ်မှူးဇော်ဝင်းက ပြောသည်။

အာရှကမ္ဘာမြေ ကုမ္ပဏီပိုင် ပစ္စည်းတန်ဖိုး ကျပ်သိန်းပေါင်း သောင်းချီ ဆုံးရှုံးခဲ့သည်ဟုလည်း ဆိုသည်။

ဒေသခံများ၏ ပြောဆိုချက်များအရမူ ရွှေတွင်းတွင် ပိတ်မိပြီး မတူးဖော်ရသေးသူ ၁၆ ဦး၊ အလောင်းတွေ့၍ သဂြိုၤလ်ပြီး ၁၀ ဦး၊ အလောင်းတွေ့၍ မိသားစုဝင်များက သာစည်ဘူတာမှ ပြန်သည်သူ ၈ ဦး၊ အလောင်း ထပ်မံတွေ့ရှိ ၄ ဦးဖြစ်သောကြောင့် သေဆုံးသူ စုစုပေါင်း ၃၈ ဦး ဖြစ်နေသည်။ ရွှေတွင်းအတွင်း ပိတ်မိသွားသော ၁၆ ဦးမှအပ ကျန်သေဆုံးသူများမှာ ဗိုလ်မှူးဇော်ဝင်း ပြောဆိုအတည်ပြုသူများ တူညီခြင်း ရှိ မရှိ ဧရာဝတီမှ အတည်မပြုနိုင်ခဲ့ပါ။

“ကုမ္ပဏီက မြေအောက်မြုပ်သွားတဲ့သူတွေကို မြေတူးစက်ကြီးတွေနဲ့ ရှာနေကြတယ်။ ကြေညာတာကတော့ အပေါ်ယံ ရှာတွေ့တဲ့သူတွေ စာရင်းပဲ”ဟု ဒေသခံတဦးဖြစ်သူ ကိုမောင်ထိန်က ဧရာဝတီသို့ ပြောသည်။

အဆိုပါ ရွှေတောဒေသသည် ကလောမြို့မှ ၁၅ မိုင်ခန့်အကွာ ရွှေမင်းဖုန်းကျေးရွာအုပ်စုတွင် တည်ရှိပြီး  ဧက ၆၀၀၀ ကျော် ကျယ်ဝန်းပြီး ၁၉၉၄ ခုနှစ်မှစတင် ရွှေတူးခဲ့ကြသည်ဟု သိရသည်။

Your Thoughts …
Tags: LandWeather
မေစစ်ပိုင်

မေစစ်ပိုင်

ဧရာဝတီ

Similar Picks:

ရေခဲမှတ်အောက်, မိုး/ဇလ , မြန်မာနိုင်ငံ မြောက်ပိုင်း , ကချင် ရှမ်း ချင်း

မြန်မာနိုင်ငံ မြောက်ပိုင်း ရေခဲမှတ်အောက်အထိ အအေးပိုမည်

by နန်းဆိုင်နွမ်
27 January 2016
9.7k

မြန်မာနိုင်ငံတွင် ဆောင်းရာသီ ဖြစ်သော်လည်း ယခုရက်ပိုင်း အချိန်အခါမဟုတ် မိုးရွာသွန်းမှုကြောင့် မြောက်ပိုင်း ဒေသ၌ ရေခဲမှတ် အောက်ထိ ကျဆင်း၍ အအေးပိုမည်ဟု နေပြည်တော် မိုးလေဝသ နှင့် ဇလ ဗေဒ ဒု ညွန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးက...

သန်လျင် ဆည်မြောင်းပိုင်မြေတွင် ကျူးကျော်နေသူများ ဖယ်ပေးရန် ညွှန်ကြားခံရ

သန်လျင် ဆည်မြောင်းပိုင်မြေတွင် ကျူးကျော်နေသူများ ဖယ်ပေးရန် ညွှန်ကြားခံရ

by စနေလင်း
21 September 2013
2.6k

ဆည်ရဲ့ ပတ်ဝန်းကျင်မှာ အခုနောက်ပိုင်း ကျူးကျော်တဲတွေ အရမ်းကို များလာတာ ကလည်း တကြောင်း၊ ကျနော်တို့က ဆည်ရဲ့ ပြုပြင် ထိန်းသိမ်းရေးတွေ လုပ်တဲ့အခါမှာ အခက်အခဲတွေ ဖြစ်လာမှာကလည်း တကြောင်းကြောင့် သူတို့ ကိုဖယ်ရှားရတာ

အိုးအိမ်၏ နှုတ်ကတိကြောင့် ပြည်တော်သာ တိုက်ခန်းနေသူများ နေရာပျောက်မည်ကို စိုးရိမ်

အိုးအိမ်၏ နှုတ်ကတိကြောင့် ပြည်တော်သာ တိုက်ခန်းနေသူများ နေရာပျောက်မည်ကို စိုးရိမ်

by ချစ်ဆု
4 June 2013
4.1k

တချို့ကလည်း ကျောင်းအပ်ပြီးကြလို့ ဘယ်လို ပြောင်းရမလဲဆိုပြီး စိတ်ပူနေတယ်။ သက်ကြီးရွယ်အိုတွေ ကလည်း မပြောင်းရင် ဆွဲချ ခံရမှာတို့ ဘာတို့ကို လန့်နေကြတယ်

သီလဝါ စီမံကိန်းကြောင့် ကျူးကျော်မြေများပါ အရောင်းအဝယ်ဖြစ်ပြီး ဈေးတက်

သီလဝါ စီမံကိန်းကြောင့် ကျူးကျော်မြေများပါ အရောင်းအဝယ်ဖြစ်ပြီး ဈေးတက်

by ညိမ်းပြည့်စုံ
13 September 2013
3.5k

အဲဒီနားမှာ ဆည်မြောင်းပိုင်မြေ မကျူးကျော်ရ၊ ကျူးကျော်က ဥပဒေအတိုင်း အရေးယူခြင်း ခံရမည်လို့ ဆိုင်းဘုတ် ထောင်ထားတာပဲ။ ဒါပေမယ့် ရှိနေကြတဲ့ ကျူးကျော်တွေက အကွက် ရိုက်ပြီး ရောင်းတာ တကွက်ကို သိန်း ၂၀၀၊ ၃၀၀

လယ်တီဆရာတော်ကြီး, လက်ပံတောင်း, ဆန္ဒထုတ်ဖော်

လယ်တီဆရာတော်ကြီး၏ သိမ်နှင့်စေတီ မဖျက်ရေး လတ်တလော သဘောတူညီချက်ရ

by မန်းသားလေး
30 September 2013
4.1k

ဦးဇင်းအနေနဲ့ မီးလောင်ဗုံး ထိခဲ့လို့လည်း ဘာမှ မဖြစ်ဘူး။ ဒီကိစ္စကို စပြီး ပါဝင်လာခဲ့တဲ့ အကြောင်းကလည်း လယ်တီ ဆရာတော် ဘုရားကြီးရဲ့ သာသနာရေး အထင်ကရ ဘုရားစေတီတွေကို မဖျက်ဆီးစေချင်တာပါ

ဧရာဝတီတိုင်း ထွန်တုံးတိုက်ပွဲကြောင့် လယ်သမား ၅၀၀ ကျော် တရားစွဲခံရ

ဧရာဝတီတိုင်း ထွန်တုံးတိုက်ပွဲကြောင့် လယ်သမား ၅၀၀ ကျော် တရားစွဲခံရ

by ဆလိုင်းသန့်စင်
9 September 2013
1.9k

ကျနော်တို့ ပြုစုထားတဲ့ စာရင်းအရ တရားစွဲ ခံနေရတဲ့ လယ်သမား ၅၁၃ ဦး ရှိတယ်။ အဲဒီထဲမှာ မော်လမြိုင်ကျွန်းမြို့နယ်က တရားစွဲခံရသူ အများဆုံးဖြစ်နေတယ်။ တရားရုံးတွေမှာ လယ်ယာမြေ အမှုတွေနဲ့ လယ်သမားတွေဆိုတာ ပြည့်နေတာပဲ။

Next Post
ဒဂုန်တာရာ မွေးနေ့ပွဲမှ အတွေးများ

ဒဂုန်တာရာ မွေးနေ့ပွဲမှ အတွေးများ

မဟာဆင်အကြို ဧရာဝတီတိုင်း အသင့်ပြင်

မဟာဆင်အကြို ဧရာဝတီတိုင်း အသင့်ပြင်

Please login to join discussion
No Result
View All Result

Recommended

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

အစ္စရေးက ထရမ့်ကို အာခံပြီး အီရန်ကိုတိုက်ခိုက်မှု မည်သို့ဆက်ဖြစ်မည်နည်း

4 days ago
5.7k
တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

တော်လှန်ရေးတပ်ဖွဲ့တွေ ၈၀ ရာခိုင်နှုန်း နယ်မြေပိုင်စိုးသတဲ့လား

6 days ago
5k

Most Read

  • ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    ၃၃ နှင့် ၉၉ တပ်မမှူးများကို ဖြုတ်ထုတ်ရှင်းသည့် ဇာတ်လမ်းနောက်ကွယ်

    shares
    Share 0 Tweet 0
  • တရုတ်ဖိအားကြောင့် နောင်ချိုကို TNLA လက်လွှတ်ရမလား

    shares
    Share 0 Tweet 0
  • သူ့နာမည်က ဒေါ်အောင်ဆန်းစုကြည်

    shares
    Share 0 Tweet 0
  • တစခန်းထနေသည့် နိုင်ငံရေးဇာတ်ပျက်များနှင့် နိုင်ငံကြောင်များ

    shares
    Share 0 Tweet 0
  • စစ်ကိုင်းနယ်မြေရှင်းလင်းရေး သံဃာတပါးနှင့် အရပ်သား ၃ ဦး အသတ်ခံရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate