သတင်းတို

ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ၅ ဆ တိုးတက်ဟု ဦးသိန်းစိန် ပြော

This article has been converted from Zawgyi One to Unicode

သမ္မတဦးသိန်းစိန်က ၂၀၁၁-၂၀၁၂ မှ ၂၀၁၂-၂၀၁၃ အထိ ပြည်တွင်း ပြည်ပ ရင်းနှီးမြှုပ်နှံမှု ၅ ဆ တိုးတက်ခဲ့သည်ဟု ထုတ်ပြန်ပြော ဆိုသည်။ မန္တလေးမြို့ အမျိုးသားဇာတ်ရုံ၌ ကျင်းပသည့် မန္တလေးတိုင်း ဒေသကြီးအတွင်း ကျေးလက်ဒေသ ဖွံ့ဖြိုးရေး နှင့် လူမှုဘ၀ မြှင့်တင်ရေး အခမ်းအနားသို့ ယမန်နေ့က တက်ရောက် အမှာစကား ပြောကြားရာ၌ ထည့်သွင်း ပြောကြားသွားခြင်း ဖြစ်သည်။နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အမေရိကန် ဒေါ်လာ ၁ ဒသမ ၄၁၉ ဘီလီယံ၊ လုပ်ငန်း အရေအတွက် ၉၄ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ၁ ဒသမ ၁ ထရီလီယံ ကျပ်၊ လုပ်ငန်း အရေအတွက် ၆၅ ခု၊ အလုပ်အကိုင် အခွင့်အလမ်း ၈၂၇၉၂ ဦးတို့ကို ဖန်တီးပေးနိုင်ခဲ့ကြောင်း လည်း ပြောသည်။ ကုလသမဂ္ဂ ၏ ထောင်စုနှစ် ရည်မှန်းချက်နှင့် အညီ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံ၌ ဆင်းရဲနွမ်းပါးမှု ၂၆ ရာခိုင်နှုန်းမှ ၁၆ ရာခိုင်နှုန်း အထိ လျှော့ချရေး ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်ဟုလည်း ဦးသိန်းစိန်က ဆိုသည်။

Loading