ဆိုင်ကလုန်းမုန်တိုင်း မဟာစင်သည် မေ ၁၆ ရက်နေ့၌ မြန်မာနိုင်ငံ ရခိုင်ကမ်းရိုးတန်း မြောက်ပိုင်း ကမ်းခြေသို့ ဖြတ်ကျော် ဝင်ရောက် နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာန က ခန့်မှန်းထားသည်။ အဝါရောင် အဆင့်သာ သတ်မှတ် ထားသော ယင်းမုန်တိုင်း၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်၊ တနင်္သာရီ ကမ်းရိုးတန်း တလျှောက် နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရန်ခါ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးမည် ဖြစ်ကြောင်း၊ ရေပြင်မြေပြင် လေသည် တနာရီ လျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် ကမ်းခြေဒေသများဆီသို့လည်း ဝင်ရောက်နိုင်ကြောင်းသိရသည်။ ဘင်္ဂလားပင်လယ်အော်တွင် စတင်ဖြစ်ပေါ်ခဲ့သည့် ယင်း မုန်တိုင်းသည် အားနည်းသွားပြီ ဖြစ်ပြီး အနောက်မြောက် ယွန်းယွန်း၊ ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာ နယ်စပ်တလျှောက် ဖြတ်သန်း ရွေ့လျားဖွယ် ရှိကြောင်း dnaindia.com ၏ သတင်းတရပ်တွင်လည်း ဖော်ပြ ထားသည်။ ဆက်သွယ်ရေး ဂြိုဟ်တုမှ ရရှိသည့် ပုံများအရ မုန်တိုင်းကို အားဖြည့်ပေးသည့် တိမ်ထူထပ်မှု နည်းပါး သွားပြီး အဆိုပါ မုန်တိုင်းလည်း အားနည်းသွားပြီ ဖြစ်ကြောင်း အိန္ဒယ ဒေသတွင်း မိုးလေဝသ ညွန်ကြားရေးမှူး S K Dastidar က ပြောဆို သည်ဟု ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။