ရှမ်းပြည်နယ် အရှေ့ပိုင်း မိုင်းလားမြို့ အထူးဒေသ ၄ အဖွဲ့နှင့် အစိုးရ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့တို့ စနေနေ့က ငြိမ်းချမ်းရေးအတွက် တွေ့ဆုံကြောင်း သိရသည်။ အစိုးရဘက်မှ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော် မတီ ဒု ဥက္ကဌ ဦးသိန်းဇော် ဦးဆောင်ပြီး မိုင်းလား အထူးဒေသ ၄ ဘက်မှ ဦးစိုင်းလင်း ဦးဆောင်၍ ဒေသဖွံ့ဖြိုးရေး၊ တည်ငြိမ်အေးချမ်း ရေးနှင့် မူးယစ်ဆေးဝါး ကင်းစင် ပပျောက်ရေးများကိုလည်း ဆွေးနွေးကြကြောင်း အစိုးရ သတင်းစာများ၌ ဖော်ပြသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။