သတင်းတို
ဟန်နီကန်ဘီယာ မြန်မာပြည်မှာ စက်ရုံတည်မည်
This article has been converted from Zawgyi One to Unicode
ကမ္ဘာ့တတိယ အကြီးဆုံး ဘီယာကုမ္ပဏီကြီးက ရန်ကုန်မြို့အနီး စက်ရုံတည်ဆောက်ရန် အမေရိကန် ဒေါ်လာ သန်း ၆၀ ရင်းနှီးမြှုပ်နှံပြီး မြန်မာဈေးကွက်အတွင်း ထုတ်လုပ်ရောင်းချရန် ဦးအောင်မိုးကျော်က ရှယ်ယာအများစု ပိုင်ဆိုင်သည့် Alliance Brewery Co Ltd (ABC) နှင့် ယနေ့ ဖက်စပ်စာချုပ်ချုပ်လိုက်ပြီဟု ရိုက်တာ သတင်းက ရေးသားသည်။ ယင်းဖက်စပ်ကုမ္ပဏီကို APB Alliance Brewery ဟု ခေါ်ဆိုပြီး ဟန်နီကန်က ၅၇ ရာခိုင်နှုန်း ပိုင်ကြောင်း သိရသည်။ ၂၀၁၄ ခုနှစ် အကုန်တွင် ဟန်နီကန်ဘီယာများ မြန်မာဈေးကွက်အတွင်း စတင် ဖြန့်ချိနိုင်မည်ဟု ခန့်မှန်းထားသည်။