• English
Thursday, July 10, 2025
No Result
View All Result
NEWSLETTER

31 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ပြန်ကြားရေးနှင့် စာနယ်ဇင်းကောင်စီ နားလည်မှု ယူ

by ထက်နိုင်ဇော်
13 May 2013
in သတင်း
A A
ပြန်ကြားရေးနှင့် စာနယ်ဇင်းကောင်စီ နားလည်မှု ယူ

ပြန်ကြားရေး ဝန်ကြီးဌာန လက်အောက်ရှိ New Light of Myanmar သတင်းစာကို ရိုက်နှိပ်နေစဉ် (ဓာတ်ပုံ - Reuters)

3.5k
VIEWS
Share on FacebookShare on Twitter

ပြန်ကြားရေးဝန်ကြီးဋ္ဌာနမှ ရေးဆွဲထားသော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်း ဥပဒေနှင့် စာနယ်ဇင်းကောင်စီမှ ရေးဆွဲထားသော မီဒီယာဥပဒေကြမ်း တို့ကြား ကွဲလွဲမှုများ မပေါ်ပေါက်စေရန် ဥပဒေကြမ်းနှစ်ခုကို အပြန်အလှန် ဝေဖန်အကြံပြုလျက်ရှိကြောင်း နှစ်ဖက်တွေ့ဆုံပွဲတွင် ပါဝင်ခဲ့သူများက ပြောဆိုသည်။

ပြန်ကြားရေးဝန်ကြီးဋ္ဌာန တာဝန်ရှိသူအချို့နှင့် မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီတို့ တပတ်လျှင် တကြိမ်ခန့်  ရန်ကုန်မြို့တွင် ပုံမှန် တွေ့ဆုံကာ ဥပဒေကြမ်းကို လွှတ်တော်တွင် မဆွေးနွေးမီ နှစ်ဖက်သဘောတူညီချက် ရရှိရန် ဆောင်ရွက်နေကြောင်း စာနယ်ဇင်းကောင်စီ ပြန်ကြားရေးတာဝန်ခံ ဦးသီဟစောက ဧရာဝတီသို့ ပြောသည်။

RelatedPosts

Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

Sunrise Myanmar အထည်ချုပ်၌ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုများ ရှိနေဟုဆို

10 July 2025
300
ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

10 July 2025
500
ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

ဒီမိုကရေစီတိုက်ပွဲ ဘာကြောင့် ၃၇ နှစ် ကြာတာလဲ

10 July 2025
323

”ပြန်ကြားရေးနဲ့ တိုက်ရိုက် ညှိနှိုင်းမှုတွေ လုပ်နေတယ်။ သူတို့ကလည်း ကျနော်တို့ကို မကြိုက်တဲ့ အချက်အလက်တွေကို ပြင်ပါ။ ကျနော်တို့ ဥပဒေကြမ်းကိုလည်း သူတို့ ကြည့်မယ်ပေါ့။ နှစ်ဖက် conflict ဖြစ်မယ့်ဟာတွေကို ရှောင်မှာပေါ့။ အခု အခြေအနေကတော့ နှစ်ခုစလုံး (လွှတ်တော်ကို) တက်သွားမယ့် သဘောမှာ ရှိတယ်။ ကျနော်တို့ဘက်ကတော့ မီဒီယာလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီးတော့ လုပ်မယ်။ သူတို့ဘက်ကတော့ ပုံနှိပ်နဲ့ ပတ်သက်တာကို အဓိကထားလုပ်မယ်။ သူတို့ဥပဒေမှာလည်း ကျနော်တို့ မလိုချင်တဲ့ ထိန်းချုပ်မှုတွေ ရှိတာပေါ့။ အဲဒါတွေကို ပြင်ဖို့ ဖျက်ဖို့ လုပ်မယ်။ ဒီကိစ္စကလည်း ဆွေးနွေးတဲ့ အဆင့်ရောက်နေပြီ”ဟု ဦးသီဟစောက ပြောသည်။

လွှတ်တော်တွင် တင်သွင်းပြီးသား ဖြစ်သော ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်း လုပ်ငန်းဥပဒေကြမ်းကို ပြန်လည်ရုတ်သိမ်းရန် မဖြစ်နိုင်သောကြောင့် စာနယ်ဇင်းကောင်စီမှ တင်ပြလာသော အကြံပြုချက်များကို လွှတ်တော် ဥပဒေကြမ်းကော်မတီသို့ နောက်ဆက်တွဲပေးပို့သွားမည် ဖြစ်ကြောင်း ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဋ္ဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲတင့်က ဧရာဝတီသို့ ပြောသည်။

”အစကတော့ ကျနော်တို့ ပုံနှိပ်ဥပဒေကို သူတို့က ကန့်ကွက်တယ်။ အခု မကန့်ကွက်ဘဲနဲ့ အကြံပြုချက်တွေနဲ့ တင်လာတယ်။ သူတို့ ရေးဆွဲထားတဲ့ မီဒီယာဥပဒေကိုလည်း ကျနော်တို့နဲ့ ညှိနှိုင်းပြီးတော့ လုပ်မယ်။ ဥပဒေနှစ်ခုစလုံး အတူတူတက်မယ့် သဘောပဲ” ဟု သူက ဆိုသည်။

ပြန်ကြားရေးနှင့် စာနယ်ဇင်းကောင်စီ နှစ်ဖက်ဆွေးနွေးမှုကို လွှတ်တော်က စောင့်ကြည့်လျက်ရှိပြီး ဇွန်လတွင် ခေါ်ယူမည့် လွှတ်တော်အစည်းအဝေးတွင် ယင်းဥပဒေကြမ်း နှစ်ခုစလုံးကို ဆွေးနွေးမည် ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် အားကစား၊ ယဉ်ကျေးမှုနှင့် ပြည်သူ့ဆက်ဆံရေးကော်မတီ အဖွဲ့ဝင် ဦးခိုင်မောင်ရည်က ပြောသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းနှင့် ပတ်သက်ပြီး သတင်းလွတ်လပ်ခွင့်ကို ထိန်းချုပ်ထားသဖြင့် မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီ (ယာယီ)၊ မြန်မာနိုင်ငံသတင်းစာ ဆရာအသင်း၊ မြန်မာသတင်းသမဂ္ဂ၊ မြန်မာနိုင်ငံ ဂျာနယ်လစ်ကွန်ရက်၊ သတင်းလွတ်လပ်ခွင့်ကော်မတီ အပါအဝင် အရပ်ဘက် အဖွဲ့အစည်းများ၊ နိုင်ငံရေးအဖွွဲ့အစည်းများနှင့် လူမှုအဖွဲ့အစည်းများက ပြန်လည်ရုပ်သိမ်းပေးရန် မတ်လ ၁၂ ရက်နေ့က တောင်းဆိုကြသည်။

ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေကြမ်းတွင် ပြန်ကြားရေးဝန်ကြီးဌာနသည် အုပ်ချုပ်ရေးမဏ္ဍိုင်အနေဖြင့် သတင်းစာနယ်ဇင်း မီဒီယာလုပ်ငန်းများကို ချုပ်ကိုင်နိုင်သော အခွင့်အာဏာရှိရုံမက ဥပဒေပြုရေး မဏ္ဍိုင် တခုကဲ့သို့ လိုအပ်သောဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ အမိန့်ကြော်ငြာစာ၊ ညွှန်ကြားချက်နှင့် လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်သော ဥပဒေပြုခွင့် လုပ်ပိုင်ခွင့်များ အပ်နှင်းထားခြင်း၊ တရားစီရေးမဏ္ဍိုင်တခုကဲ့သို့ စာနယ်ဇင်း သတင်းမီဒီယာများ၏ လုပ်ငန်းလုပ်ကိုင်ခွင့်ကို ပိတ်သိမ်းနိုင်ခြင်း၊ ရုပ်သိမ်းနိုင်ခြင်း၊ ဆိုင်းငံ့နိုင်ခြင်းတည်းဟူသော ဆုံးဖြတ်အပြစ်ပေးပိုင်ခွင့် အာဏာအပ်နှင်းထားခြင်းတို့ ကြောင့် စာနယ်ဇင်းသတင်းမီဒီယာများသည် စတ္ထုမဏ္ဍိုင်အဖြစ် မရပ်တည်နိုင်တော့ဘဲ ပြန်ကြားရေးဝန်ကြီးဌာန၏ ထိန်းချုပ်မှုအောက်တွင်သာ ရောက်ရှိနေမည့် သဘောဖြစ်ကြောင်း ပြည်တွင်းအခြေစိုက် သတင်းလွတ်လပ်ခွင့်ကော်မတီက ထုတ်ပြန်ထားသည်။

Your Thoughts …
Tags: CensorNewspaper
ထက်နိုင်ဇော်

ထက်နိုင်ဇော်

ဧရာဝတီ

Similar Picks:

အစိုးရ သတင်းစာ, ကြော်ငြာခ, ပုဂ္ဂလိက စာနယ်ဇင်း

အစိုးရ သတင်းစာများ ကြော်ငြာနှုန်း လျှော့ချမှု ပုဂ္ဂလိကဈေးကွက် ထိခိုက်နိုင်ဟု ဆို

by ဇူးဇူး
23 January 2015
2k

လက်ရှိ ပုဂ္ဂလိက သတင်းစာတွေရဲ့ လည်ပတ်မှုနှုန်းက ဘာကိုမှီခိုပြီး သွားရမလဲ ဆိုတော့ ကြော်ငြာကိုပဲ မှီခိုပြီး သွားရမယ်။ ကြော်ငြာရရင် အရှုံး သက်သာမယ်၊ မရှုံးဘူး။ ကြော်ငြာ မရဘူး ဆိုရင်တော့ ရှုံးမယ်၊ ရေရှည်မှာ ရပ်တည်ဖို့...

မြန်မာသတင်းစာများ ရှင်ပြန်ထမြောက်ခြင်း

မြန်မာသတင်းစာများ ရှင်ပြန်ထမြောက်ခြင်း

by သစ္စာနီ
15 May 2013
4.9k

ကြားသိရသလောက် အရှုံးခံကာ စတင်ထုတ်ဝေနေခြင်း ဖြစ်သည်။ တရက်ကို ၇ သိန်း အရှုံးခံ ထုတ်ဝေကြရသည်။ ထုတ်ဝေသူ တဦးကမူ ပထမနှစ်အတွက် ဒေါ်လာ တသန်း အရှုံးခံမည်ဟု ဆိုသည်။ ကြီးမားသော စွန့်စားမှု ဖြစ်သည်။

တာဝန်ကျေတဲ့ ကာတွန်းဆရာ

တာဝန်ကျေတဲ့ ကာတွန်းဆရာ

by ဆူးငှက်
22 June 2013
4.1k

ထရံခတ်၊ သံကြိုးချိတ်၊ အုပ်စုစိတ်နဲ့ နေတာ ကာတွန်းဆရာမှ မဟုတ်ဘဲ၊ လူတွင်ကျယ်လုပ်၊ နေရာယူ၊ စာဖတ်သူ ဝေဒနာကို ဥပက္ခာပြုနိုင်သူဟာ ကာတွန်းဆရာမှ မဟုတ်ဘဲ ...

အများသိစေရန် ကြေညာချက်များ ပုဂ္ဂလိက သတင်းစာများတွင် ထည့်သွင်းမှု တရားဝင်ဟုဆို

အများသိစေရန် ကြေညာချက်များ ပုဂ္ဂလိက သတင်းစာများတွင် ထည့်သွင်းမှု တရားဝင်ဟုဆို

by စနေလင်း
4 May 2013
7.4k

အစိုးရ သတင်းစာမှာ ထည့်တာတောင်မှ တကယ်တမ်း ပြန်ကြည့်ရင် လူသိပ်သိတာမှ မဟုတ်တာ။ ဥပဒေ သဘောအရပဲ အတည်ဖြစ်အောင် လုပ်ကြတာ

ဦးပိုင် လီမိတက် ဘာလဲ

by ခင်ဦးသာ
1 December 2012
18.6k

နိုင်ငံတော် အဖွဲ့အစည်းများနှင့် စီးပွားရေး ဦးပိုင်လီမီတက်သည် အခွန်ပေးဆောင်ရန် မလိုအပ်ကြောင်း ပြည်တွင်း အခွန်များ ဦးစီးဌာန ညွန်ကြားရေးမှူး ဦးအောင်မိုးကြည်က ၂၀၁၁ ခုနှစ် နှစ်ဆန်းပိုင်းတွင် ဧရာဝတီသို့ ပြောဆိုခဲ့သည်။

ဧရာဝတီမဂ္ဂဇင်း မြန်မာပြည်တွင် စရောင်းပြီ

ဧရာဝတီမဂ္ဂဇင်း မြန်မာပြည်တွင် စရောင်းပြီ

by ဧရာဝတီ
6 May 2013
4.6k

ရန်ကုန်ရှိ တော်ဝင် စင်တာTab Book စာအုပ်ဆိုင်၊ ပန်းဆိုးတန်းလမ်းရှိ အင်းဝ စာပေတိုက်၊ စာပေလောက ၅ တို့တွင်လည်းကောင်း၊ မန္တလေးရှိ ညိုစာပေ၊ ရာပြည့် စာပေ၊ အင်းဝ စာပေတိုက်တို့တွင်လည်းကောင်း ၀ယ်ယူနိုင်ပြီ

Next Post
မန္တလေးပြည်သူတချို့ သမ္မတကို ကြိုဆိုခွင့် ပိတ်ပင်ခံရ

မန္တလေးပြည်သူတချို့ သမ္မတကို ကြိုဆိုခွင့် ပိတ်ပင်ခံရ

သီလရှင်များဦးစီးတဲ့ ပညာရေးကျောင်း အတွက် One More ရဲ့အလှူ (ရုပ်/သံ)

သီလရှင်များဦးစီးတဲ့ ပညာရေးကျောင်း အတွက် One More ရဲ့အလှူ (ရုပ်/သံ)

No Result
View All Result

Recommended

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၂

5 days ago
3.8k
ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

ရှောင်တာနဲလ်၊ The Economist နဲ့ ဒေါ်အောင်ဆန်းစုကြည်လှိုင်း

3 days ago
3.4k

Most Read

  • စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    စစ်ကောင်စီလက်မအပ်ဖို့ ကယ်သူမျှော်နေရသည့် မြန်မာလုပ်သားနှစ်ဦး

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၃

    shares
    Share 0 Tweet 0
  • မြေရှားနဲ့ပတ်သက်ပြီး တရုတ်ခြိမ်းခြောက်မှုမရှိဟု KIA ပြော

    shares
    Share 0 Tweet 0
  • ဆေးခြောက်ကို တရားဝင်ခွင့်ပြုသည့် ထိုင်း နောက်ပြန်လှည့်

    shares
    Share 0 Tweet 0
  • ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate