မဟာစင် မုန်တိုင်း ဘင်္ဂလားဒေ့ရှ်ကို ဝင်ရောက်မည်ဆိုသော သတိပေးချက်များကြောင့် ဘင်္ဂလားဒေ့ရှ်-မြန်မာနယ်စပ်ရှိ ဘင်္ဂါလီ ဒုက္ခသည်စခန်းများ ဖြစ်သည့် ကူတူပါလန်၊ လေဒါးနှင့် နော်ယာပါရာ ဒုက္ခသည်စခန်းများကို သက်ဆိုင်ရာ INGO များက ကြိုတင် ကာကွယ်မှုများ ယမန်နေ့က စတင်ပြုလုပ်နေသည်။ UNHCR က တာဝန်ယူ ကူညီပေးနေသည့် ကူတူပါလန်နှင့်နောယာပါရာ ဒုက္ခသည်စခန်းများမှာ တောင်တချို့ကာရံနေသည့်အတွက် လေဒဏ်ကိုခံနိုင်သော်လည်း အမိုးများကို ပြင်ဆင်ပေးနေကြောင်း ကောက်စ် ဘဇား မြို့ရှိ UNHCR ရုံးမှ ပလတ်စတစ်များကို စခန်းများသို့ ပို့ဆောင်၍ အမိုးအကာများလုံခြုံစေရေး လုပ်ဆောင်နေကြောင်း ကော့စ်ဘာဇာမြို့ UNHCR ရုံးမှ အရာရှိတဦးဖြစ်သူ ရော်ဖစ်က ပြောသည်။ ထို့အပြင် Muslim Aid က တာဝန်ယူထာသည့် လေဒါး ဒုက္ခသည်စခန်းတွင် လေဒဏ်ခံနိုင်ရေးအတွက် ပြန်လည်မွန်းမံမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ စစ်တကောင်း ဆိပ်ကမ်းမြို့ကို နံပါတ် ၂ အဆင့် မုန်တိုင်း သတိပေးချက်များ နှိုးဆော်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။