အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ် အင်ဖားရ်မြို့မှ မြန်မာနိုင်ငံ မန္တလေးမြို့အထိ ခရီးသည်တင် ယာဉ်လိုင်းခရီးစဉ်ကို မကြာမီ ပြေးဆွဲနိုင် ရန် စီစဉ်လျက် ရှိကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ အင်ဖားရ်နှင့် မန္တလေးမြို့သည် မိုင် ၄၀၀ ခန့် ဝေးပြီး အိန္ဒိယနိုင်ငံ အင်ဖားရ်၊ မိုးရေးမြို့များ၊ မြန်မာနိုင်ငံ တမူး၊ မုံရွာနှင့် မန္တလေးမြို့များတွင် ရပ်နားမည် ဖြစ်ကြောင်း သိရသည်။ မြန်မာ နိုင်ငံ အတွင်း အာဆီယံ အဝေးပြေးလမ်းမကြီး ၇ ခုရှိရာ၊ အာဆီယံ လမ်းမ ၁ (AH-1) မြဝတီမှ တမူးမြို့အထိ လမ်း၊ အာဆီယံ လမ်းမ ၂ (AH-2) တာချီလိတ်-တမူးလမ်း၊ မန္တလေး-မုံရွာ-ပုလဲ-ဂန့်ဂေါ-ကလေး-တမူးလမ်းမျာကို တိုင်းရင်းသား ကုမ္ပဏီ များမှ ပြင်ဆင်တည်ဆောက်လျက်ရှိကြောင်း သိရသည်။ ကလေးဝ-ယာကြီးလမ်း မိုင်တိုင်အမှတ် (၄၀/ဝ) မှ (၁၁၅/ဝ) အထိကို ချစ်ကြည်ရေး လမ်းမကြီး အဖြစ် အိန္ဒိယမှ ခင်းပေးမည်ဖြစ်ကြောင်းလည်း သတင်းတွင် ဖော်ပြထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။