ရန်ကုန်မြို့တော် အများပြည်သူ သယ်ယူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (Yangon City Public Transport Authority) ကို ဖွဲ့စည်းတာဝန်ပေးအပ် လိုက်ကြောင်း ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြထားသည်။ မေ ၁၄ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းလိုက် သည့် ယင်း အဖွဲ့တွင် ဦးကြည်သိန်းက ဥက္ကဋ္ဌ အဖြစ် တာဝန်ယူဆောင်ရွက်ရမည် ဖြစ်ပြီး အဖွဲ့ဝင် ၉ ဦးပါဝင်ကာ လုပ်ငန်းတာဝန် ၁၂ ရပ် ဆောင်ရွက်ရမည် ဖြစ်ကြောင်း သိရသည်။ ယခုဖွဲ့စည်းတာဝန် ပေးအပ်ခြင်းသည် ယခင် ၇.၁.၂၀၁၃ ရက်စွဲပါ စာအမှတ်၊ ၁၁၂(၁)/၈/သမ္မတရုံး ဖြင့် ဖွဲ့စည်းတာဝန်ပေးထားသည့် ရန်ကုန်မြို့တော် အများပြည်သူ ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့ (Yangon City Public Transport Authority)ကို ပယ်ဖျက်၍ ဖွဲ့စည်းခြင်း ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။ ရန်ကုန်တိုင်းဒေကြီး အတွင်း ပြည်သူများ နေ့စဉ် ဆင်ပြေ ချောမွေ့စွာ သွားလာနိုင်ရေး စီမံခန့်ခွဲ ဆောင်ရွက်ရန် အတွက် ဖြစ်သည်ဟုလည်း ဆိုသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။