သမ္မတ ဦးသိန်းစိန်က အမျိုးသား သဘာဝဘေး ကာကွယ်စောင့်ရှောက်ရေး ဗဟိုကော်မတီနှင့် စီမံခန့်ခွဲမှု လုပ်ငန်းကော်မတီကို ဖွဲ့စည်းလိုက်သည်။ မေလ ၁၄ ရက်နေ့ ရက်စွဲဖြင့် ဖွဲ့စည်းလိုက်သည့် ယင်းအဖွဲ့များတွင် ဒု သမ္မတ (၂)က ဦးဆောင်ပြီး ပြည်ထောင် စု ဝန်ကြီးများ၊ ဒု ဝန်ကြီးများ၊ ဌာနဆိုင်ရာ အဆင့်မြင့် အရာရှိများ ပါဝင်ကြောင်း၊ ဆပ်ကော်မတီ ၁၀ ခုကိုလည်း တပြိုင်တည်း ဖွဲ့စည်းလိုက်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဖော်ပြထားသည်။ အချိန်ကာလ အလျောက် ဖြစ်ပေါ်လာနိုင်သည့် သဘာ၀ ဘေး အန္တရာယ်များကို ကြိုတင်တွက်ဆပြီး ကာကွယ် စောင့်ရှောက်ရေး အစီအမံများ စနစ်တကျ ပြုလုပ်ထားနိုင်ရေး၊ သဘာဝဘေး အန္တရာယ် ကျရောက်သည့် အခြေအနေတွင် ကယ်ဆယ်ရေးနှင့် ထောက်ပံ့ကူညီရေး လုပ်ငန်းများကို လျင်မြန်သွက် လက် ထိရောက်စွာ ဆောင်ရွက်ပေးနိုင်ရေးအတွက် ဖွဲ့စည်းခြင်း ဖြစ်သည်ဟုလည်း ဆိုသည်။ လာမည့် သောကြာ နေ့တွင် မဟာစင် ဆိုင်ကလုန်း မုန်တိုင်း ရခိုင်ကမ်းခြေသို့ ဖြတ်ကျော်တိုက်ခတ် နိုင်သည့် မုန်တိုင်း သတိပေးချက်များလည်း ဖြစ်ပေါ်နေ သည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။