အပြည်ပြည်ဆိုင်ရာ မြန်မာ့လေကြောင်း (MAI) နှင့် ကိုရီးယား Asiana Airlines လေကြောင်းလိုင်းတို့သည် အကျိုးတူ ပူးပေါင်း ဆောင်ရွက်ရေး Code Share သဘောတူညီမှု ရရှိပြီ ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထား သည်။ ယခုအခါ MAI သည် နိုင်ငံတကာ လေကြောင်းလိုင်းပေါင်း ၃၃ ခုနှင့် ချိတ်ဆက်လုပ်ကိုင်လျက်ရှိ ကြောင်း၊ (Interline E-Ticket – IET) လက်မှတ် ပူးပေါင်းထုတ်နိုင်သော လေကြောင်းလိုင်း ၁၉ ခု ရှိကြောင်း၊ Thai Airways ၊ Malaysia Airlines ၊ Qatar Airways တို့နှင့် စာချုပ် ပြန်လည် ချုပ်ဆိုသွားမည်ဖြစ်ကြောင်းနှင့် အိန္ဒိယလေကြောင်း၊ ပြင်သစ်လေကြောင်း၊ All Nippon Airways လေကြောင်း လိုင်များနှင့်ပါ Code Share စာချုပ်များ ချုပ်ဆိုသွားရန် စီစဉ်လျက်ရှိကြောင်း သိရသည်။ MAI သည် စင်းလုံးငှား ဝန်ဆောင်မှုကို လည်း တနာရီလျှင် ကျပ် ၃၃ သိန်းဖြင့် ဝန်ဆောင်မှု ပေးမည်ဟုလည်း ထုတ်ပြန်ထားသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။