ကုသလသမဂ္ဂ အေဂျင်စီတခုဖြစ်သည့် International Fund For Agriculture Development(IFAD) မှ အာရှနှင့် ပစိဖိတ်ဒေသ ညွှန်ကြားရေးမှူး Dr. Ms. Hoomae Kim နှင့် Prf.Dr. Wang, Ms. Rosal Riza, Mr.Yoolando Arbun တို့သည် လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးနှင့် ယမန်နေ့က ဆွေးနွေးကြကြောင်း ယနေ့ထုတ် မြန်မာ့အလင်း သတင်းစာ၌ ဖော်ပြထားသည်။ ယင်း သို့ ဆွေးနွေးရာတွင် မြန်မာနိုင်ငံ၏ လက်ငင်းလိုအပ်လျက်ရှိသော လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေး အတွက် ငွေကြေး ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ အခက်အခဲများနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ၏ နိုင်ငံတကာ စံနှုန်း၊ ဘဏ္ဍာရေး အထောက်အပံ့ ချေးငွေစည်းမျဉ်း များနှင့်အညီ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ ကာလတို သုံးနှစ်၊ ကာလရှည် ခြောက်နှစ် စသည့် စီမံကိန်း ကာ လ များဖြင့် ချေးငွေများကို တဆင့်ဆင့်ပြီး တဆင့် သက်သာသော အတိုးနှုန်းဖြင့် ပထမအဆင့် အမေရိကန် ဒေါ်လာ ၃၆ သန်းမှ စ၍ ဆက်တိုက် အကူအညီ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။