သတင်းတို
ဆက်သွယ်ရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ဖြေလျှော့ပေးမည်
This article has been converted from Zawgyi One to Unicode
တယ်လီဖုန်း စက်ကိရိယာနှင့် ဆက်စပ် ပစ္စည်းများ ရောင်းဝယ်ခွင့် လိုင်စင်နှင့် ဆက်သွယ်ရေး စက်ပစ္စည်း တင်သွင်းခွင့် ထောက်ခံ ချက် ရယူခြင်းဆိုင်ရာ လုပ်ထုံး လုပ်နည်းများနှင့် ပတ်သက်ပြီး ဆက်သွယ်ရေးနှင့် သတင်းအချက်အလက် နည်းပညာဝန်ကြီး ဌာန က ဖြေလျှော့ ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ဖြေလျှော့ ပေးရာ၌ လိုင်စင်လျှောက်ထားရာ၌ Bank Statement တင်ပြရန် မလိုအပ်ကြောင်း၊ လိုင်စင်သက်တမ်း တနှစ်အတွင်း အမျိုးအစားတူ ပစ္စည်းများ တင်သွင်းခွင့်တွက် ထောက်ခံချက် ထပ်မံရယူရန် မလိုအပ်ကြောင်း စသည်တို့ ပါဝင်ကြောင်း ယနေ့ထုတ် အစိုးရ သတင်းစာများ၌ ဆဖာ်ပြထားသည်။