သတင်းတို

ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း Curtin တက္ကသိုလ်မှ ပါမောက္ခနှင့်တွေ့ဆုံ

This article has been converted from Zawgyi One to Unicode

ဒုတိယ သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် သြစတြေးလျနိုင်ငံ Perth မြို့ရှိ Curtin တက္ကသိုလ်မှ ပါမောက္ခ Andris Stelbovic နှင့် ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း ယနေ့ထုတ် ကြေးမုံ သတင်းစာတွင် ဖော်ပြထားသည်။ ယင်းသို့တွေ့ဆုံရာတွင် ပညာရေးကဏ္ဍနှင့် သိပ္ပံနှင့် နည်းပညာကဏ္ဍတို့တွင် ပူးပေါင်းဆောင်ရွက်ရေး၊ ရေနံနှင့် သသဘာ၀ ဓာတ်ငွေ့ဆိုင်ရာ လုပ်ငန်းများနှင့် သုတေသန လုပ်ငန်းများအား ပူးပေါင်းဆောင်ရွက်ရေး၊ မြန်မာနိုင်ငံ၏ ရေနံနှင့် သဘာဝဓာတ်ငွေ့ ကဏ္ဍတို့၌ ရင်းနှီးမြှုပ်နှံရေးနှင့် သြစတြေးလျနိုင်ငံသို့ ပညာတော်သင်များ စေလွှတ်ရေးဆိုင်ရာများကို ဆွေးနွေးကြောင်း သိရသည်။

Loading