ဆိုင်ကလုန်း မုန်တိုင်း မဟာစင် သည် အနီရောင်အဆင့် အရေးပေါ် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။ ယင်း မုန်တိုင်းသည် ဘင်္ဂလားဒေ့ရှ် နိုင်ငံ စစ်တကောင်းမြို့နှင့် မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မောင်တော မြို့အကြား ကမ်းခြေကို ဖြတ်ကျော် ဝင်ရောက်မည်ဟု ယမန်နေ့ ညနေပိုင်းက တိုင်းထွာချက်အရ ခန့်မှန်းထားကြောင်း အစိုးရက ထုတ်ပြန်သည်။ မုန်တိုင်း ကမ်းခြေသို့ ဖြတ်ကျော်စဉ် လေတိုက်နှုန်းမှာ တနာရီလျှင် မိုင် ၆၀ မှ ၇၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ မုန်တိုင်းကြောင့် မြင့်တက်နိုင်သော ရေ လှိုင်း အမြင့်မှာ မောင်တောမြို့နယ် ကမ်းခြေ၌ ၈ ပေ မှ ၁၀ ပေခန့် ၊ စစ်တွေ ခရိုင် ကမ်းခြေတွင် ၆ ပေမှ ၈ ပေခန့် နှင့် ကျောက်ဖြူ ခရိုင် ကမ်းခြေတွင် ၄ ပေမှ ၆ ပေခန့် မြင့်တက်နိုင်ကြောင်း သိရသည်။
ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်း နေအိမ်အကျယ်ချုပ် စစ်ဆေးခံနေရ
စစ်ကောင်စီအဖွဲ့ဝင် ဒု ဗိုလ်ချုပ်ကြီး မိုးမြင့်ထွန်းကို အဂတိလိုက်စားမှုအတွက် နေအိမ်တွင် အကျယ်ချုပ်ဖမ်းဆီးထားသည်။