သတင်းတို

အမေရိကန်-မြန်မာ ကုန်သွယ်ရေး စာချုပ် ဦးသိန်းစိန် လက်မှတ်ထိုးမည်

This article has been converted from Zawgyi One to Unicode

လာမည့် တနင်္လာနေ့တွင် စတင်ရန်ရှိသည့် မြန်မာသမ္မတ ဦးသိန်းစိန်၏ အမေရိကန်ပြည်ထောင်စုခရီးစဉ်အတွင်း ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုကိစ္စများနှင့် သက်ဆိုင်သော စာချုပ် ၂ ခု ကို လက်မှတ်ရေးထိုးဖွယ် ရှိကြောင်း သိရှိရသည်။ ယင်းစာချုပ်များတွင် နိုင်ငံအမည်ကို Burma အစား Myanmar ဟု သုံးစွဲထားကြောင်း သံတမာန်ရပ်ကွက်နှင့် နီးစပ်သောအသိုင်းအဝိုင်းက ဆိုသည်။ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်ခဲ့သော အမေရိကန် အိမ်ဖြူတော်၏ ကြေညာချက်တွင်လည်း မြန်မာ နိုင်ငံတော် သမ္မတဟု သုံးထားသည်။ အိမ်ဖြူတော် ပြောခွင့်ရအမျိုးသမီး Caitlin Hayden က အမေရိကန်အနေဖြင့် Burma ကို တိုင်းပြည်အမည် အဖြစ် ဆက်လက် သုံးစွဲနေဦးမည် ဖြစ်သော်လည်း Myanmar ကို အခြေအနေ လိုက်ပြီး အကန့်အသတ်နှင့် စတင်သုံးစွဲနေကြောင်း၊ ယင်းမှာ ” ပြုပြင်ပြောင်းလဲရေးတွေ အားစိုက်ဆောင်ရွက်နေတဲ့ အစိုးရ တစ်ရပ်အပေါ် လေးစားသမှု ပြသတာဖြစ်ပြီး မိမိတို့က အားပေးထောက်ခံနေတယ်၊ ကူညီဖို့ ဆန္ဒရှိတယ်ဆိုတဲ့ သင်္ကေတ လက္ခဏာ ပါ” ဟု ပြောသည်
Loading