သတင်းတို

ဦးသိန်းစိန်ကို အမေရိကန်မှာ ဆန္ဒပြမည်

This article has been converted from Zawgyi One to Unicode

အမေရိကန်အခြေစိုက် US Campaign for Burma အဖွဲ့က ဦးစီးပြီး ဝါရှင်တန်သို့ တနင်္လာနေ့တွင် ရောက်ရှိလာမည့် မြန်မာသမ္မတ ဦးသိန်းစိန်ကို ကန့်ကွက်ဆန္ဒပြရန် စီစဉ်နေသည်။ လူ့အခွင့်အရေး ချိုးဖောက်မှုများ၊ အကြမ်းဖက်မှုများအတွက် မည်သို့မျှ စုံစမ်းဖော်ထုတ်မှု မပြုသည့်အတွက်ဟု ထုတ်ပြန်ကြေညာချက်က ဆိုသည်။ တနင်္ဂနွေ ညနေ ၄ နာရီတွင် VOA ရုံး၊ တနင်္လာနေ့ မနက် ၁၀ နာရီတွင် အိမ်ဖြူတော်၊ ညနေ ၃ နာရီတွင် ဂျွန်ဟော့ပ်စကင်း တက္ကသိုလ်၊ ညနေ ၅ နာရီတွင် အမေရိကန် ကုန်သည်ကြီးများရုံးတို့တွင် ဆန္ဒပြကြမည်ဟု သိရသည်။
Loading