ရန်ကုန်မြို့ ကြည့်မြင်တိုင်မြို့နယ် ပိတောက်ပင်လမ်းနှင့် ဗိုလ်သူရ လမ်းထောင့်တွင် ထားရှိသည့် အများပြည်သူသုံး အမှိုက်ပုံးအတွင်းတွင် လာရောက်စွန့်ပစ်သည့် လက်နက်တလက် တွေ့ရှိခဲ့ကြောင်း အစိုးရသတင်း ဌာနတခုဖြစ်သည့် မြဝတီသတင်းစဉ်၏ အွန်လိုင်းစာမျက်နှာတွင် ဖော်ပြထားသည်။ မြို့နယ် စည်ပင် သာယာရေး ကော်မတီမှ မသင်းမြတ်စိုး (၃၂) နှစ် (ဘ) ဦးစိန်မြင့်ဦးသည် အမှိုက်ပုံးအတွင်းမှ ကြွပ်ကြွပ်အိတ်ဖြင့် ထုတ်ထားသော အမ်-၁၆ ကျည်ဆံ ၅၆ တောင့် (အသုံးပြုရ)၊ ၎င်းကျည်ကဒ် ၁ ကဒ် (အသုံးပြုရ)၊ ကာဘိုင်ကျည်ဆံ ၁၁ တောင့် (အသုံးပြုရ)၊ ၉မမ ကျည်ဆံ ၂၂ တောင့် (အသုံးပြုရ)၊ ပွိုင့် -၃၈ ကျည် ၁၃ တောင့်တို့နှင့် ကိုယ်ထည် အမှတ် C- 117374 စပိန်နိုင်ငံ ထုတ် အဖုံးတွင် Star Trade Mark စာတမ်းပါ စတီး ပစ္စတို ၁ လက် (အသုံးပြုရ) နှင့် ပစ္စတို ထည့်အိတ် အနက်ရောင် ၁ လုံးတို့အား တွေ့ရှိခဲ့ရသဖြင့် သက်ဆိုင်ရာသို့ အကြောင်း ကြားခဲ့ရာ မြို့နယ် ရဲတပ်ဖွဲ့မှ တာဝန် ရှိသူများမှ သွားရောက် သိမ်းဆည်းခဲ့ကြောင်း သတင်းရရှိသည် ဟု ဖော်ပြထားသည်။ ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်သန့်ရှင်းရေးဋ္ဌာနမှ ဒုတိယဌာနမှူး ဦးလှဝင်းအောင်ကလည်း ဧရာဝတီသို့ အတည်ပြုပြောကြားသည်။ “သေနတ်က တလက်တည်းပါ။ အမှိုက်ပုံးထဲ လာပစ်သွားတာ။ အမှိုက်ထုတ်ကလေးတော့ သန့်ရှင်းရေးဝန်ထမ်းက ဖွင့်ကြည့်လိုက်တာ သေနတ်ဖြစ်နေတယ်။ ကျန်တာတွေတော့ ရဲစခန်းက ဆက်လုပ်နေပါတယ်” ဟု ပြောသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။