သတင်းတို
KIO နှင့် အစိုးရ ဆွေးနွေးပွဲ ကုလသမဂ္ဂကိုယ်စားလှယ် တက်မည်
This article has been converted from Zawgyi One to Unicode
ကချင်ပြည်နယ် မြစ်ကြီးနားမြို့၌ မေလ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲသို့ ကုသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် အထူးအကြံပေး မစ္စတာ ဗီဂျေ နမ်ဘီးယား တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။ နောက်ဆုံးအကြိမ် KIO နှင့် အစိုးရ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို တရုတ်ပြည် ရွှေလီမြို့တွင် ပြုလုပ်ခဲ့သည်။ အနောက်နိုင်ငံများ၏ ပါဝင်လာမှုကို တရုတ်က စိုးရိမ်သောကြောင့် ဆွေးနွေးပွဲများ ခရီးမတွင်ဟု ဝေဖန်မှုများလည်း ရှိနေသည်။