• English
Wednesday, May 14, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အားတက်ဖွယ် မရှိသေး

by မေခ
22 May 2013
in သတင်း
A A
ကချင်ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အားတက်ဖွယ် မရှိသေး

ရွှေလီ ဆွေးနွေးပွဲမှာ နှစ်ဘက် စစ်ရေးကိုယ်စားလှယ်များ တွေ့ဆုံနိုင်ခဲ့သည် (ဓာတ်ပုံ - ဧရာဝတီ)

3.2k
VIEWS
Share on FacebookShare on Twitter

အစိုးရနှင့် ကေအိုင်အိုဆွေးနွေးပွဲကို မေ ၂၈ ရက်တွင် မြစ်ကြီးနားမြို့၌ တွေ့ဆုံရန် စီစဉ်ထားသော်လည်း နှစ်ဖက်တွေ့ဆုံမည့်သူနှင့် ဆွေးနွေးမည့်အကြောင်းအရာများနှင့် ပတ်သက်၍ နှစ်ဖက်စလုံးမှ တရားဝင် ပြောကြားနိုင်ခြင်း မရှိသေးသောကြောင့် ဆွေးနွေးပွဲအတွက် အားတက် စိတ်လှုပ်ရှားစရာ မမြင်ရသေးပေ။

ကေအိုင်အိုနှင့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှာ မိုင်ဂျာယန်တွင် ၂ ကြိမ်၊ ထိုင်းနိုင်ငံ ချင်းဆိုင်တွင် တကြိမ်၊ တရုတ်နိုင်ငံ ရွှေလီမြို့တွင် ၂ ကြိမ် တွေ့ဆုံခဲ့ဖူးပြီး ယခုအကြိမ်မှာ သတ္တမ အကြိမ်မြောက် တွေ့ဆုံခြင်းဖြစ်သည်။

RelatedPosts

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

TNLA ထိန်းချုပ်တဲ့မြို့တွေကို စစ်ကောင်စီက ဗုံးလိုက်ကြဲ (ရုပ်/သံ)

13 May 2025
54
အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

အပြစ်မဲ့ကလေးတွေအတွက် ယူကျုံးမရဖြစ်ရတယ် (ရုပ်/သံ)

13 May 2025
35
ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

ရသေ့တောင်မှာ စစ်တပ်က ဗုံးကြဲလို့ အစုလိုက်အပြုံလိုက်သေဆုံး (ရုပ်/သံ)

13 May 2025
66

ယခုတွေ့ဆုံမှုကို ကုလသမဂ္ဂမှ အထူးကိုယ်စားလှယ် မစ္စတာ ဗီဂျေနမ်ဘီးယားနှင့် အရှေ့ တောင်အာရှဆိုင်ရာ တရုတ်နိုင်ငံမှ ငြိမ်းချမ်းရေး သံတမန်တို့ ပါဝင်တက်ရောက်မည်ဟု  ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ဧရာဝတီသို့ ပြောသည်။

“မစ္စတာနမ်ဘီးယားက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလက မြစ်ကြီးနားကို လာခဲ့တယ်။ တရုတ်ကိုယ်စားလှယ်ကလည်း ပြီးခဲ့တဲ့ ရွှေလီမှာတုန်းက တက်ခဲ့တဲ့သူပါ။ ဒါပေမယ့် သူတို့တွေ လာဖြစ်ဖို့ဆိုတာက ယတိပြတ် တိတိကျကျပြောလို့တော့ မရသေးပါဘူး” ဟု ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ဆွေးနွေးပွဲရက်မှာ နီးကပ်လာသော်လည်း ယခုတိုင် တက်ရောက်မည့်လူစာရင်း မထုတ်ပြန်နိုင်သေးသောကြောင့် ယခုအကြိမ်တွေ့ဆုံမှုမှာ အားတက်ဖွယ် မရှိဟု ထင်မြင်ချက်များ ထွက်ပေါ်လျက်ရှိပြီး  အစိုးရငြိမ်းချမ်းရေးဖော် ဆောင်ရေး လုပ်ငန်းကော်မတီမှမူ ကုလသမဂ္ဂနှင့် တရုတ်ကိုယ်စားလှယ် တက်ရောက်မည့်သတင်းနှင့်ပတ်သက်၍ မည်သည့်ထင်မြင်ချက်မှ မပေးလိုကြောင်း၊ အစိုးရပိုင်းမှ မည်သည့်နိုင်ငံတကာသံတမာန်ကိုမျှ ဖိတ်ခေါ်ထားခြင်း မရှိကြောင်း၊ ဖိတ်ခေါ်မှုမလုပ်ခြင်းမှာ ဖိတ်ခေါ်ခံရသည့်အဖွဲ့နှင့် ဖိတ်ခေါ် မခံရသည့်အဖွဲ့ ဟူ၍ မညီမျှမှု ဖြစ်ပေါ်လာမှာစိုးသောကြောင့်ဟု အစိုးရငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ပြန်ကြားရေး တာဝန်ယူထားသူ ဦးလှမောင်ရွှေက ပြောကြားသည်။

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီနှင့် ကေအိုင်အိုတို့မှာ ပြီးခဲ့သည့် ဧပြီလ ၆ ရက်နေ့က တွေ့ဆုံရန် စီစဉ်ထားသော်လည်း အမေရိကန်၊ ဗြိတိန်နှင့် အီးယူနိုင်ငံများကို လေ့လာသူအဖြစ် ဖိတ်ကြားခဲ့မူအပေါ် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ တားဆီးခဲ့သည့်အတွက် ပျက်ပြားခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်ခဲ့သည်။

သို့ရာတွင် အဆိုပါကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးမှ မဟုတ်မှန်ကြောင်း ငြင်းဆိုထားသလို ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်းကလည်း “မြန်မာနိုင်ငံအရေးကို မြန်မာတွေပဲ စဉ်းစားဆုံးဖြတ်ရမှာပါ။ ငြိမ်းချမ်းရေးဆွေးနွေးမှုအပေါ် ဘယ်နိုင်ငံကမဆို ဝင်ရောက်ကူညီပေးနိုင်တယ်။ ဒါပေမယ့် ဒီအပေါ်မှာ နိုင်ငံအရေးကို လွှမ်းမိုးချုပ်ကိုင်တဲ့အပေါ်တော့ ဘယ်သူ့ ကိုမှ လက်ခံမှာ မဟုတ်ဘူး”ဟု ဧရာဝတီသို့ ပြောသည်။

အစိုးရငြိမ်းချမ်းရေးဖော်ဆောင်ရေး လုပ်ငန်းကော်မတီမှ ဦးလှမောင်ရွှေက ဆွေးနွေးပွဲနှင့် ပတ်သက်၍ “ကျနော် နားလည်သလောက်ကတော့ နှစ်ဖက် တက်ရောက်မယ့်လူတွေက နီးလာပြီဆိုရင်တော့ ပို့ကြမှာပါ။ ခုလက်ရှိကတော့ ပို့တာတွေ မရှိသေးပါဘူး။ အစိုးရဘက်က သီးခြားဖိတ်ကြားထားတာ မရှိပါဘူး။ ကေအိုင်အိုဘက်က ဖိတ်ကြားထားတာကို အစိုးရဘက်က ငြင်းမှာ မဟုတ်ပါဘူး။ စစ်ဘက်ဆိုင်ရာဘက်ကလည်း တတ်မယ်လို့ ယူဆရပါတယ်။ ရွှေလီတုန်းကလည်း တက်ခဲ့ပါတယ် ”ဟု ပြောသည်။

“ကချင်ဘက်က တတ်ဖို့ ဘယ်သူတွေ တက်မလဲ ဆိုတာကော၊ ဆွေးနွေးတဲ့လူစာရင်းကိုကော ဘာမှမသိရသေးပါဘူး။ အစိုးရဘက်ကလည်း ဘယ်သူတတ်မလဲ မသိသေးပါဘူး။ ဗိုလ်ချုပ်ဂွမ်မော်ဆီကလည်း ဘာမှမကြားရသေးသလို သူနဲ့တောင်မတွေ့ဖြစ်သေးဘူး။ မစ္စတာနမ်ဘီးယားတို့ တရုတ်ကိုယ်စားလှယ်တို့ လာမယ်ပြောပေမယ့် တိတိကျကျ ပြောနိုင်ဖို့ ခက်ပါသေးတယ်”ဟု ကချင်ငြိမ်းချမ်းရေး အကျိုးဆောင် ဦးလမိုင်ဂွမ်ဂျာက ပြောသည်။

ယခု ကျင်းပမည့် ဆွေးနွေးပွဲတွင် ကချင်လူမျိုး လွှတ်တော်ကိုယ်စားလှယ်နှစ်ဦးဖြစ်သည့် ဒေါ်ဒွဲဘူ နှင့် ဦးခက်ထိန်နမ် တို့လည်း ပါဝင်တက်ရောက်ခွင့် ရထားကြောင်း၊ တက်ရောက်ဖြစ်ခဲ့ပါက ၂၀၀၈ ဖွဲ့စည်းပုံနဲ့ ပတ်သက်ပြီး ပေါ်ပေါက်လာတဲ့ လွှတ်တော်ကို အယုံကြည်မရှိ ဖြစ်နေသည့်အပေါ် အားလုံး မယုံကြည်နိုင်သေးသော်လည်း လက်ရှိပြောင်းလဲ မှုအပေါ် ပြောပြသွားရန် စီစဉ်ထားကြောင်း ဒေါ်ဒွဲဘူက ဧရာဝတီကို ပြောသည်။

၁၉၆၁ ခုနှစ်တွင် စတင် ဖွဲ့စည်းခဲ့သည့် ကချင်လွတ်မြောက်ရေးအဖွဲ့သည် ၁၉၉၄ တွင် အစိုးရနှင့် ငြိမ်းချမ်းရေးစာချုပ် ချုပ်ဆိုနိုင်ခဲ့သည့်ပထမဆုံး တိုင်းရင်းသား အဖွဲ့အစည်း ဖြစ်သော်လည်း နောက်ပိုင်းတွင် အပစ်အခတ် ရပ်စဲမှုပျက်ပြယ်ခဲ့ပြီး ၂ နှစ်ကျော်ကြာ တိုက်ပွဲများဖြစ်ပွားကာ လက်ရှိအချိန်ထိ အပစ်အခတ် ရပ်စဲရေး စာချုပ်ကို ပြန်လည်ချုပ်ဆိုနိုင်ခြင်း မရှိသေးပေ။

Your Thoughts …
Tags: Kachin StatePeace Talk
မေခ

မေခ

ဧရာဝတီ

Similar Picks:

ငြိမ်းချမ်းရေးအတွက် လုပ်သွားမည်ဟု ကချင် ကွန်မန်ဒိုဟောင်း ပြော

ငြိမ်းချမ်းရေးအတွက် လုပ်သွားမည်ဟု ကချင် ကွန်မန်ဒိုဟောင်း ပြော

by သန်းထိုက်ဦး
19 September 2012
5.2k

“လောလောဆယ်ကတော့ ပြည်တွင်း စစ်ပြေး ဒုက္ခသည်တွေရဲ့ အရေးရယ်၊ နောက်တခါ တကယ် စစ်မှန်တဲ့ ပြည်တွင်း ငြိမ်းချမ်းမှုကို ရရှိအောင် ကြိုးစားချင်တဲ့ စိတ်ရှိပါတယ်”

ငြိမ်းချမ်းပါစေ ကချင်မြေ

ငြိမ်းချမ်းပါစေ ကချင်မြေ

by ရွှေကူမေနှင်း
4 June 2013
4.1k

နောက်တော့ လက်နက်နှင့် ငြိမ်းချမ်းရေး လဲသည်ဟု ကြားရသည်။ ၁၀ နှစ်အတွင်း ကချင်ပြည်နယ်က သစ်တော၊ ၀ါးတော၊ ကြိမ်တော၊ တောမှန်သမျှ ပြောင်သလင်းခါသွားသည်

ကချင်ပြည် ငြိမ်းချမ်းရေး နှစ်ဘက် စစ်ရေးခေါင်းဆောင်များ စတင် ဆွေးနွေး

ကချင်ပြည် ငြိမ်းချမ်းရေး နှစ်ဘက် စစ်ရေးခေါင်းဆောင်များ စတင် ဆွေးနွေး

by မန်းသားလေး
11 March 2013
8.1k

ငြိမ်းချမ်းရေး ဆွေးနွေးပွဲ၏ ထူးခြားမှု အနေဖြင့် နှစ်ဘက် စစ်ဘက်ဆိုင်ရာ ခေါင်းဆောင်များ ကိုယ်တိုင် တက်ရောက် လာခဲ့ကြပြီး စစ်ရေး ကိစ္စများကို အဓိကထား ဆွေးနွေးကြသည်။

အသရေဖျက်မှုဖြင့် PDP ပါတီ ခေါင်းဆောင်များ အဖမ်းခံထားရ

by ကျော်ခ
22 November 2012
1.6k

ဦးလဂျွန်ငန်ဆိုင်း ဦးဆောင်သော ကချင်ပြည်နယ် အစိုးရအနေဖြင့် ပြည်နယ်အတွင်း ကားလုပ်ငန်း၊ စက်လှေလုပ်ငန်း၊ ကချင်ရိုးရာ မနောပွဲ ကိစ္စရပ်များတွင် အာဏာသုံး လုပ်ဆောင်ချက်များ ရှိကြောင်း ရေးသားခဲ့သည်

အစိုးရတပ်များ လိုင်ဇာ တောင်ကုန်းတခုကို ဆက်လက် ထိုးစစ်ဆင်

အစိုးရတပ်များ လိုင်ဇာ တောင်ကုန်းတခုကို ဆက်လက် ထိုးစစ်ဆင်

by လင်းသန့်
7 January 2013
10.5k

သူတို့က လိုင်ဇာကို သိမ်းစရာ မလိုဘူးလေ။ လိုင်ဇာ ပတ်ပတ်လည်က တောင်ကုန်းတွေ အားလုံး သိမ်းလိုက်ရင် လိုင်ဇာဆိုတာ အလိုလို ကျပြီးသား ဖြစ်နေပြီပဲ။ လိုင်ဇာမြို့ကို သူတို့ ဘာသိမ်းယူစရာ အကြောင်းရှိမှာလဲ

ဦးအောင်မင်း ရာထူးက ထွက်ခဲ့လျှင် …

ဦးအောင်မင်း ရာထူးက ထွက်ခဲ့လျှင် …

by လင်းသန့်
1 July 2013
14k

အကယ်၍ ဦးအောင်မင်း လက်ရှိ ရာထူးက ထွက်ရင် ဘာတွေ ဖြစ်လာမလဲ ဆိုတာ စဉ်းစားစရာပါ။ ဦးအောင်မင်းဟာ သမ္မတ ဦးသိန်းစိန်ရဲ့ အားထားရတဲ့သူ တဦးဖြစ်ပါတယ်။

Next Post
ခရီးသွား ဧည့်သည်တွေ အတွက် အဆင်သင့် မဖြစ်သေးတဲ့ ဘီလူးကျွန်း (ရုပ်/သံ)

ခရီးသွား ဧည့်သည်တွေ အတွက် အဆင်သင့် မဖြစ်သေးတဲ့ ဘီလူးကျွန်း (ရုပ်/သံ)

ရီးယဲလ်နဲ့လမ်းခွဲပြီး အင်္ဂလန်သို့ တကျော့ပြန်လာမယ့် မော်ရင်ညို

ရီးယဲလ်နဲ့လမ်းခွဲပြီး အင်္ဂလန်သို့ တကျော့ပြန်လာမယ့် မော်ရင်ညို

Please login to join discussion
No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

2 days ago
5.1k
လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

လေးနှစ်နှင့် လူလားမြောက်လာသည့် PDF

6 days ago
4.2k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • “ယွတ်ရှတွေ အားကြီးကောင်းတယ်” သို့မဟုတ် ရုရှားသံအမတ်သို့ အိတ်ဖွင့်ပေးစာ

    shares
    Share 0 Tweet 0
  • ကံဆိုးသော မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် ရှောင်တာနယ်

    shares
    Share 0 Tweet 0
  • အရိုင်းအစိုင်းများအတွက် မေးခွန်းများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate