မြန်မာ့ ဆန် နိုင်ငံတကာသို့ တင်ပို့မှု ၂ ဆကျော် တိုးလာကြောင်း သတင်းရသည်။ ယမန်နှစ်က ဆန်တန်ချိန် ၆ သိန်း ခွဲ တင်ပို့နိုင်ခဲ့ ရာမှ ယခုနှစ် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်ကုန် အထိ ဆန် တန်ချိန် ၁ ဒသမ ၄ သန်း တင်ပို့နိုင်ခဲ့သည်ဟု မြန်မာနိုင်ငံ ဆန် စပါး လုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးအောင်သန်းဦး က ပြောဆိုကြောင်း ယမန်နေ့က မြန်မာ့ အလင်း သတင်းစာတွင် ပါရှိသည်။ တရုတ် ၊ အာဖရိက နှင့် ဂျပန် အပါအဝင် အာရှ နိုင်ငံများကို တင်ပို့ခြင်း ဖြစ်ကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။