သမ္မတ ဦးသိန်းစိန်၏ ခရီးစဉ်အတွင်း အမေရိကန်-မြန်မာ ကုန်သွယ်ရေး နှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်ကို ယမန်နေ့က လက်မှတ်ထိုးကြောင်း သိရသည်။ မြန်မာနိုင်ငံ၏ လက်ရှိ အကောင်အထည် ဖော်နေသော ပြုပြင်ပြောင်းလဲရေးနှင့် ဖွံ့ဖြိုးတိုး တက်ရေး အကျိုးဖြစ်ထွန်းရန် ရှေးရှု၍ ဆောင်ရွက်ခြင်း ဖြစ်ကြောင်း၊ ပြီးခဲ့သည့် နှစ်က အမေရိကန် ဆန်ရှင် လျှော့ချခဲ့ပြီးနောက် နှစ် နိုင်ငံ ကုန်သွယ်ရေးသည် ၂၀၁၃ ပထမ ၃ လအတွင်း ၌ အမေရိကန် ပို့ကုန် ဒေါ်လာ ၈၉ သန်းရှိပြီး မြန်မာ သွင်းကုန်မှာ ဒေါ်လာ ၁ သန်းရှိ၍ စုစုပေါင်း ဒေါ်လာ သန်း ၉၀ ခန့်သာ ရှိသောကြောင့် နည်းပါးနေသေးကြောင်း အမေရိကန် ကုန်သွယ်ရေး ကိုယ်စားလှယ်အဖွဲ့ ရုံးကို ကိုးကား၍ UPI သတင်းတွင် ဖော်ပြထားသည်။ ဦးသိန်းစိန်သည် မေ ၁၈ ရက်က စတင်ပြီး အမေရိကန် နိုင်ငံသို့ ချစ်ကြည်ရေး ခရီးစဉ်ရောက်ရှိနေခြင်း ဖြစ်သည်။ မေ ၂၀ ရက်က အမေရိကန်သမ္မတ အိုဘားမားနှင့် တွေ့ဆုံ ၍ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ ကျင်းပသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။