၂၀၄၀ ခုနှစ်တွင် ရန်ကုန်မြို့ကြီးကို နိုင်ငံတကာ မြို့တော်ကြီးအဖြစ် အဆင့်မြှင့်တင် ဖော်ဆောင်မည့် ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး မဟာဗျူဟာ စီမံကိန်းကို စည်ပင်သာယာရေး ကော်မတီ၊ ဌာနဆိုင်ရာများနှင့် ကုမ္ပဏီ အသင်းအဖွဲ့များက စီမံ အကောင်အထည် ဖော်နေပြီ ဖြစ်ကြောင်း ယနေ့ထုတ် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။ ရန်ကုန်မြို့အား ခေတ်မီ နိုင်ငံတကာ မြို့ပြများကဲ့သို့ အဆင့်မြှင့် တည်ဆောက်ရာတွင် ပညာရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ အုပ်ချုပ်ရေး၊ သွားလာရေး၊ ဆက်သွယ်ရေး ကဏ္ဍများတွင် လွယ်ကူအဆင်ပြေ ချောမွေ့စေရေး ဘက်စုံကောင်းမွန်ပြည့်စုံသည့် မြို့အဖြစ် မျှော်မှန်းစီမံလျက်ရှိကြောင်း သိရသည်။
ကိုးကန့်တွင် လက်နက်တိုက်ရှာတွေ့ခြင်းနှင့် နောက်ဆက်တွဲ သံသယများ
စစ်ကောင်စီတပ်အဖို့ MNDAA ကို ရင်ဆိုင်ရန်အတွက် သူနှင့်ပေါင်းသည့် ကိုးကန့် BGF နှင့် ပသစ များအား အားကိုးအားထား ပြုနေရသည့်အချိန်တွင် ဤပြဿနာ ပေါ်ပေါက်လာခြင်းဖြစ်၏။