သတင်းတို

ထားဝယ် ရေနက်ဆိပ်ကမ်း ရင်းနှီးမြှုပ်နှံရေး ထိုင်း ကက်ဘိနက် အတည်ပြု

This article has been converted from Zawgyi One to Unicode

ထားဝယ် ရေနက်ဆိပ်ကမ်း ဖွံ့ဖြိုးရေး စီမံကိန်းအတွက် ရင်းနှီးမြှုပ်နှံရေး အစီအစဉ်ကို ထိုင်းကက်ဘိနက်က အတည်ပြုလိုက်ကြောင်း ထိုင်းသတင်း အေဂျင်စီ (TNA) က ဖော်ပြသည်။ သဘောတူလိုက်သည့် အစီအစဉ်အရ ထိုင်း ဘဏ္ဍာရေး ဝန်ကြီးဌာနက “ထိုင်း အိမ်နီးချင်းနိုင်ငံများ စီးပွားရေး ဖွံ့ဖြိုးမှု ပူးပေါင်းဆောင်ရွက်ရေး ကော်ပိုရေးရှင်း” ကို ထားဝယ် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး ကုမ္ပဏီတွင် ပူးပေါင်းဆောင်ရွက်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် တရားဝင် ခွင့်ပြုမည်ဖြစ်ကြောင်း သိရသည်။

Loading