သတင်းတို
အင်ဒိုနီးရှားရှိ မြန်မာသံရုံး တိုက်ခိုက်ရန် အဓိက ကြိုးကိုင်သူတဦး ဖမ်းမိ
This article has been converted from Zawgyi One to Unicode
အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးကို ဗုံးခွဲ တိုက်ခိုက်ရန် ကြံစည်မှုတွင် နောက်ကွယ်မှ ကြိုးကိုင်သူတဦးဟု သံသယရှိသူကို ယမန်နေ့ ညပိုင်းက ရဲ တပ်ဖွဲ့က ဖမ်းဆီးရမိကြောင်း သတင်းရသည်။ ဂျကာတာမြို့ မြောက်ပိုင်း Tanjung Priok နယ်မြေ ၌ ဖမ်းဆီးရမိခြင်း ဖြစ်ကြောင်း၊ ၎င်းသည် မြန်မာ သံရုံးကို တိုက်ခိုက်ရန် စီစဉ်မှုတွင် နောက်ကွယ်မှ အဓိက ကြိုးကိုင်သူဟု ယူဆကြောင်း ရဲ တပ်ဖွဲ့ပြောခွင့်ရသူ ဗိုလ်မှူးချုပ် Boy Rafli Ama က ပြောဆိုသည်ဟု Straits Times သတင်းက ဆိုသည်။ မြန်မာ သံရုံး ကို တိုက်ခိုက်ရန် ကြံစည်မှု၌ ပါဝင်ပတ်သက်ခဲ့သူ ၄ ဦးကိုလည်း မေလ ၂ ရက်နေ့က အင်ဒိုနီးရှား ရဲ တပ်ဖွဲ့က ဖမ်းဆီးရမိထား သည်။