• English
Thursday, July 17, 2025
No Result
View All Result
NEWSLETTER

26 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home သတင်း

ဟတ်ကြီး ရေကာတာ စီမံကိန်း လေ့လာခွင့်ပြုရေး KNU အစီအစဉ် ရှိ

by သန်းထိုက်ဦး
23 May 2013
in သတင်း
A A
ဟတ်ကြီး ရေကာတာ စီမံကိန်း လေ့လာခွင့်ပြုရေး KNU အစီအစဉ် ရှိ

သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ရေကာတာ စီမံကိန်းကို ရပ်တန့်ရေးအတွက် လူထုအခြေပြု အဖွဲ့အစည်းများ၊ ထိုင်း NGO များနှင့် အာဆီယံ လူငယ်လှုပ်ရှားမှုအဖွဲ့တို့က ထိုင်းနိုင်ငံ ပါလီမန် အဆောက်အဦးရှေ့တွင် ၂၀၁၂ ခုနှစ် သြဂုတ်လက ဆန္ဒပြနေစဉ် (ဓာတ်ပုံ - ASEAN Youth Movement)

5.8k
VIEWS
Share on FacebookShare on Twitter

ကရင်ပြည်နယ် သံလွင်မြစ်ပေါ်တွင် တည်ဆောက်မည့် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းနှင့် ပတ်သက်၍ ဆောက်လုပ်ရေး ကုမ္ပဏီ ဝန်ထမ်းများ ကွင်းဆင်းလေ့လာနိုင်ရေး ကရင်အမျိုးသား အစည်းအရုံး (KNU) က ခွင့်ပြုရန် အစီအစဉ်ရှိကြောင်း သိရသည်။

အဆိုပါ ဟတ်ကြီး ရေးအားလျှပ်စစ် စီမံကိန်းသည် ထိုင်း-မြန်မာနယ်စပ် KNU ထိန်းချုပ်ရာ ဒေသတွင် တည်ရှိပြီး Electricity Generating Authority of Thailand (EGAT) ကုမ္ပဏီမှ ဝန်ထမ်းတချို့က ကွင်းဆင်းလေ့လာရန် စီစဉ်နေခြင်း ဖြစ်ကြောင်း KNU ဘားအံခရိုင် ဥက္ကဋ္ဌ ဖဒိုစောအောင်မော်အေးက ဧရာဝတီသို့ ပြောသည်။

RelatedPosts

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

မြန်မာပြည်သူတွေထိတ်လန့်ခဲ့ရတဲ့ အိန္ဒိယရဲ့ နယ်ကျော်တိုက်ခိုက်မှု (ရုပ်/သံ)

16 July 2025
175
မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

မွန်တော်လှန်ရေးတပ်တွေ ဘာကြောင့် မပေါင်းစည်းနိုင်သေးလဲ (ရုပ်/သံ)

16 July 2025
66
နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

16 July 2025
1.2k

KNU အနေဖြင့် ကွင်းဆင်းလေ့လာမှု ပြုလုပ်ရန် လတ်တလော ညှိနှိုင်းဆောင်ရွက်နေပြီး ဆုံးဖြတ်ချက် မချမှတ်ရသေးကြောင်း ၎င်းက ဆိုသည်။

“ကွင်းဆင်း လေ့လာဖို့ အတွက် သူတို့ ခွင့်တောင်းနေတယ်။ KNU ဗဟိုကလည်း သူတို့ကို ပေးမယ်လို့တော့ သဘောထား ရှိတယ်။ ကွင်းဆင်းလေ့လာဖို့ အတွက်ပဲ၊ ဆောက်လုပ်ရေး အတွက်ကိုတော့ ခွင့်မပေးဘူး” ဟု ဖဒို စောအောင်မော်အေးက ဆက်ပြောသည်။

ဖဒို စောအောင်မော်အေး၏ အဆိုအရ လတ်တလော ကွင်းဆင်းလေ့လာသူများ လုပ်ကိုင်ရန်အတွက် ယင်း စီမံကိန်း တည်ဆောက်မည့် အနီးအနားသို့ ဝန်ထမ်းတချို့ ရောက်ရှိနေပြီး ဖြစ်ကြောင်း သိရသည်။

“ကွင်းဆင်းလေ့လာပြီးရင် ဆုံးရှုံး နစ်နာမှုဟာ ဘယ်လောက် ရှိလဲ၊ အကျိုးအမြတ် ဘယ်လောက်ရှိလဲ ကြည့်မယ်။ အကျိုးအမြတ် များများ ရှိရင်တော့ ပေးမယ်၊ အကျိုးအမြတ် မရှိရင်တော့ မပေးဘူး” ဟု ဖဒို စောအောင်မော်အေးက ပြောသည်။

ယင်း ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်မှုနှင့် ပတ်သက်၍ ဒေသခံပြည်သူများ အကျိုးသက်ရောက်မှု အပေါ် KNU အနေနှင့် ပြန်လည် သုံးသပ်သွားမည် ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။

ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်း တည်ဆောက်ရန် ယခင် စစ်အစိုးရ လက်ထက်က လျှပ်စစ်စွမ်းအား ဝန်ကြီးဌာန၊ EGATနှင့် China’s Sinohydro Corporation ကုမ္ပဏီတို့ အကြား ၂၀၀၆ ခုနှစ်တွင် သဘောတူ လက်မှတ်ရေးထိုးထားသည်။

လက်မှတ်ရေးထိုးပြီးနောက် ၂၀၀၇ ခုနှစ်တွင် စမ်းသပ် လေ့လာမှုများ ပြုလုပ်ခဲ့သော်လည်း EGAT ကုမ္ပဏီ ဝန်ထမ်း ၂ ဦး မိုင်းထိ သေဆုံးပြီးနောက် စီမံကိန်းကို ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။

အစိုးရ လျှပ်စစ်စွမ်းအား ဝန်ကြီးဌာနမှ ဒု ဝန်ကြီး ဦးမြင့်ဇော်ကလည်း သံလွင်မြစ်ပေါ်တွင် ဟတ်ကြီး အပါအဝင် ရေအားလျှပ်စစ် စီမံကိန်း ၆ ခုကို နိုင်ငံခြား ကုမ္ပဏီများ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် အကောင်အထည်ဖော်ရန် စီစဉ်ထားကြောင်း ပြောကြားထားသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလအတွင်း ပထမအကြိမ် ပြည်သူ့လွှတ်တော် ဆဋ္ဌမပုံမှန် အစည်းအဝေး ၂၀ ရက်မြောက်နေ့တွင် အလုံမဲဆန္ဒနယ်မှ ဦးခိုင်မောင်ရည်က သံလွင် မြစ်ပေါ်တွင် တည်ဆောက်မည့် လျှပ်စစ် စီမံကိန်းများနှင့် ပတ်သက်၍ မေးမြန်းချက်ရာတွင် ဒု ဝန်ကြီး ဦးမြင့်ဇော်က ထိုသို့ ဖြေကြားခြင်း ဖြစ်သည်။

ထိုစီမံကိန်း ၆ ခုမှာ ၁၄၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အထက်သံလွင် (ကွမ်လုံ)၊ ၁၀၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နောင်ဖ၊ ၂၀၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် မန်တောင်း၊ ၇၁၁၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် အထက်သံလွင် (မိုင်းတုံ)၊ ၄၀၀၀ မဂ္ဂါဝပ် ထုတ် လုပ်နိုင် မည့် ရွာသစ်၊ ၁၃၆၀ မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် ဟတ်ကြီး ရေအားလျှပ်စစ် စီမံကိန်းတို့ ဖြစ်ကြောင်း သိရသည်။

သို့သော် အသေးစိတ် အခြေအနေများ၊ နိုင်ငံတော် အကျိုးအမြတ်နှင့် အရှုံးဖြစ်ပေါ်မှုတို့ကိုမူ ဒု ဝန်ကြီး ဦးမြင့်ဇော်က မဖြေကြားခဲ့ပေ။

ကရင် မြစ်ချောင်းများ စောင့်ရှောက်ရေးအဖွဲ့ (KRW) မှ စောဒေးဒေးက ကွင်းဆင်းလေ့လာမှုများ ပြုလုပ်မည်ဟု ဒေသခံများ မှတဆင့် ကြားသိရပြီး သတင်းအချက်အလက်များ ထပ်မံ ရရှိရန် ကြိုးစားနေကြောင်း ပြောသည်။

“ကျနော်တို့ လေ့လာချက်တွေအရ ဒီ ရေအားလျှပ်စစ် စီမံကိန်း အနီးအနားမှာရှိတဲ့ ကျေးရွာ ၂၁ ရွာ ဆိုးကျိုးခံစားရမှာ ဖြစ်တယ်” ဟု ၎င်းက ဆိုသည်။

ယခင် စစ်အစိုးရက လက်ထက်၌ တရုတ်နှင့် ထိုင်းနိုင်ငံရှိ ကုမ္ပဏီများ ပူးပေါင်း၍ သံလွင်မြစ်မကြီးနှင့် မြစ်လက်တက်များပေါ်တွင် ရေကာတာများ တည်ဆောက်ရန် လျာထားခဲ့ပြီး ရေအားလျှပ် စစ်စီမံကိန်းများမှ ထွက်ရှိလာမည့် လျှပ်စစ်ဓာတ်အား အများစုကို တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချရမည် ဖြစ်ကြောင်း သတင်းများအရ သိရသည်။

လက်ရှိ အချိန်အထိ ကချင်၊ ရှမ်း၊ ကယားပြည်နယ်၊ မန္တလေးတိုင်းနှင့် စစ်ကိုင်းတိုင်းများတွင် ဆောက်လုပ်နေဆဲ ရေကာတာ စီမံ ကိန်း၂၁ ခုရှိသည်။

Your Thoughts …
Tags: DamKNU
သန်းထိုက်ဦး

သန်းထိုက်ဦး

ဧရာဝတီ

Similar Picks:

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

စစ်ရှုံးနေတဲ့ မင်းအောင်လှိုင် ခေါင်းရှောင်ပြီး တရားခံရှာ

by ဧရာဝတီ
4 December 2023
110.9k

ယခုတကြိမ် မြန်မာ့ အကျပ်အတည်းအတွက် တာဝန်ရှိသည်ဟု သူပြောသည့် စာရင်းတွင် လူတိုင်းကို ဆွဲထည့်လာသည်။

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

KNU, AA, ဒေါက်တာ ဇော်ဝေစိုးနှင့် အတွက်မှားသည့် မင်းအောင်လှိုင်

by အောင်သူရ
28 December 2024
28.5k

စစ်ခေါင်းဆောင် မင်းအောင်လှိုင်သည် အာဏာသိမ်းသည့်အခါ သူ့ဘက်ပါမည်ဟု ယူဆထားသည့် အဖွဲ့အစည်း နှစ်ခုနှင့် လူပုဂ္ဂိုလ်တဦးရှိသည်။

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

တပ်ချုပ်လောင်း ကျော်စွာလင်းနှင့် စစ်ရေးဆိုင်ရာကွပ်ကဲမှု ဖရိုဖရဲများ

by စွယ်တော်
12 June 2025
27.1k

စစ်ကောင်စီတပ်အနေဖြင့် စစ်ရေးအရ အရေးအနိမ့်ဆုံးကာလတွင် တပ်ချုပ်နေရာ လျာထားခံသည့် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းအဖြစ်သည် နန်းကျခါနီး အိမ်ရှေ့စံ ဖြစ်ရသလို ဖြစ်နေ၏။

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

ခွဲထွက်မည့် BGF အား ဒုတပ်ချုပ် စည်းရုံးမှု မအောင်မြင်

by ဧရာဝတီ
24 January 2024
21.7k

ဇန်နဝါရီ ၂၁ ရက်မှစတင်ကာ BGF တပ်များအနေဖြင့် စစ်တပ်နှင့်ပူးတွဲစစ်ဆင်ရေးဝင်နေသည့် ရှေ့တန်းစခန်းများမှ ပြန်လည်ဆုတ်ခွာခဲ့ကာ ဌာနချုပ်ရှိရာ မြဝတီမြို့နယ်၊ ရွှေကုက္ကိုလ်ဒေသနှင့် တပ်ရင်းစခန်းများတွင် ပြန်လည်စုဖွဲ့ထားပြီး တစုံတရာ ထပ်မံ ညွှန်ကြားမှု မရှိသေးကြောင်း

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

ရန်ကုန်-မန္တလေးလမ်းမကြီးကို ခြိမ်းခြောက်လာတဲ့ ပဲခူးရိုးအရှေ့ ခြမ်းတိုက်ပွဲ

by ဧရာဝတီ
27 August 2023
20.8k

တကယ်တော့ ၁၉၄၈နဲ့ ၁၉၇၅ ခုနှစ်ကြားကာလတွေ ပြန်ကြည့်ရင် ဒီဒေသတွေဟာ ဗမာပြည်ကွန်မြူနစ် ပါတီနဲ့ ကရင့်တော်လှန်ရေးသမားတွေ အားကောင်းခဲ့တဲ့ ဒေသတွေ ဖြစ်လို့ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်အစိုးရဟာ တပ်မ ၇၇ လို ခြေမြန်တပ်မကြီးတွေကို အထူးဖွဲ့စည်းပြီး ပဲခူးရိုးမ...

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

စစ်ကောင်စီ ရဟတ်ယာဉ် KNU ပစ်ချ၊ လိုက်ပါလာသည့် ၄၄ တပ်မမှူး သေဆုံး

by ဧရာဝတီ
29 January 2024
17.6k

တပ်မ ၄၄ ၏ တပ်မမှူးအသစ် ဗိုလ်မှူးကြီး အေးမင်းနောင်သည် သင်္ကန်းညီနောင်ဗျူဟာသို့ လာရောက် မည့်သတင်းကို ရရှိထားသည့်အတွက် ကော်ဘရာစစ်ကြောင်းမှ အချိန်ယူ၍ အသင့်စောင့်ဆိုင်းခဲ့ပြီး ပစ်ချနိုင်ခဲ့ခြင်း

Next Post
Laurel အနုပညာကျောင်းရဲ့ ဇာတ်လမ်းတွဲမှာ နော်လီဇာ ကျောင်းအုပ်ကြီး လုပ်မယ်

Laurel အနုပညာကျောင်းရဲ့ ဇာတ်လမ်းတွဲမှာ နော်လီဇာ ကျောင်းအုပ်ကြီး လုပ်မယ်

ကိုရဲမင်းဦး လွတ်မြောက်ရေး ရွှေတိဂုံ စေတီတော်တွင် ဆုတောင်းပွဲ လုပ်

No Result
View All Result

Recommended

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

ဘွဲ့ထူး ဂုဏ်ထူးနှင့် အဆင့်တိုး မလို၊ စစ်မတိုက်ရသည့်နေရာသာ လိုသည်

7 days ago
5.8k
အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

အရှေ့တီမော အာဆီယံဝင်ခွင့် စစ်ကောင်စီ ကန့်ကွက်မှု အဖွဲ့ ညီညွတ်ရေးကို အကဲစမ်းနေ

5 days ago
3.4k

Most Read

  • နောင်ချိုကို စစ်တပ် ပြန်ရ

    နောင်ချိုကို စစ်တပ် ပြန်ရ

    shares
    Share 0 Tweet 0
  • ၂၀၂၅ ခုနှစ် ပထမ ခြောက်လပတ် မြန်မာပြည်စစ်ရေး သုံးသပ်ချက် ၅

    shares
    Share 0 Tweet 0
  • ရွှေကုန်သည်တချို့ ထောင်ချပြီးနောက် ဆိုင်များကို စစ်မည်

    shares
    Share 0 Tweet 0
  • နတ်အိမ်တောင်နယ်စပ်တဝိုက် တိုက်ပွဲဖြစ်

    shares
    Share 0 Tweet 0
  • အင်အားအကြီးဆုံး တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်များ ချုပ်ကိုင်ခံနေရ

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate